အပိုင်း1

2.7K 70 0
                                    

"တုနှိုင်းငယ် ခုချက်ချင်း အောက်ဆင်းလာခဲ့မယ်။"

ကိုကို့ရဲ့ခေါ်သံကြောင့် အိပ်ချင်မူးတူးဖြစ်နေစိတ်တွေပျောက်ကုန်ရ၏။
အသည်းအသန် ထပြီး နာရီကြည့်မိတော့9နာရီထိုးနေပြီ ငယ်တော့ ကိုကို့ဒေါသနဲ့တွေ့တော့ပေမည်။ရေချိုးခန်း အမြန်ပြေးဝင်၍ မျက်နှာသစ် သွားတိုက်ရတော့၏။

"ခုထိ ထွက်မလာသေးဘူးလား ငါ့ဒေါသကို ထပ်ဆွနေတာလား"

"မဟုတ်ပါဘူး ကိုကို။ငယ်လာပါပြီဗျ"

ကိုကို့အသံထပ်ကြားရ၍ မျက်နှာရေမသုတ်တော့ပဲ အမြန်သာဆင်းရတော့၏။
ဧည့်ခန်းထဲတွင် ထိုင်‌နေသော ကိုကို့ အရှေ့တွင် လက်ပိုက်ရပ်နေရသည်မှာ 15မိနစ်လောက် ကြာနေပြီဖြစ်၏။ ‌"ကိုကို သားရောက်ပါပြီ"ပြောလိုက်သော်ငြား ကိုကိုက ဘာမှပြန်မပြောဘဲ မျက်ခုံးများတွန့်ချိုး၍ တစ်ချက်မလွတ်စိုက်ကြည့်နေ၍ ခေါင်းကိုသာ ငုံ့ထားမိ၏။

"မနက်စာ အရင်သွားစားလိုက်။ နွားနို့ကို ကုန်အောင်သောက်မယ်။ ပြီးရင် စာကြည့်ခန်းထဲ လိုက်လာခဲ့မယ်။"

"ဟုတ်ကဲ့ ကိုကို။"

နာရီဝက်လောက် ကိုကို့အရှေ့ရပ်ပြီးချိန်တွင် စကားပြောလာ၍ ပျော်သွားသော်လည်း စာကြည့်ခန်းထဲ လိုက်လာခဲ့ဟုသောကြောင့် ကျောချမ်းမိ၏။ သို့သော် အမြန် ဟုတ်ကဲ့လိုက်ရ၏။

ဂုဏ်မင်းရှိန်တစ်ယောက် စာကြည့်ခန်းထဲတွင် သက်ပြင်းချရင်း စိတ်လျော့နေရ၏။ထိုကောင်လေး လုပ်နေပုံနဲ့သူ့စိတ်နဲ့တော့ တွေ့ပေ၏။
တစ်ပတ်ကျော်အတူနေလာချိန်အတွင်း မနိုးရသည့်ရက် မရှိခဲ့ပေ။ ဆူလိုက်ရင်လဲ "နောက်စောစောထပါမယ် ကိုကို"ဟု ပြော၏။ နောက်ရက်ထလားဆို မထပေ။လိမ္မာ မလိုနဲ့ သူနေချင်သလိုသာနေ၏။ ဒီနေတာ့ ထပ်ပြီးလွှတ်ထားမပေးနိုင်တော့ပေ။

"ဒေါက် ...ဒေါက် "

"ကိုကို သားရောက်ပါပြီဗျ"

"ဝင်ခဲ့ "
တံခါးဖွင့်ဝင်လိုက်ချိန်တွင် တွေ့လိုက်ရသော ကိုကို့စားပွဲက ကြိမ်လုံး နှစ်လုံးပူးကြောင့် ကိုယ်လေးတုန်သွားမိ၏။အရင်နေ့တွေကိုကိုသတိပေးနေထဲက ပြင်ရမှာကို အဲ့ဂိမ်းကြောင့် အိပ်တာနောက်ကျပြီး မနက်မထနိုင်ရတာ
ငယ် ကိုယ့်ခေါင်းကိုယ်သာ ထုချင်မိပေသည်။

ငယ့်ရဲ့လမ်းပြကြယ်Where stories live. Discover now