Still the One//🐺🐷//

1.5K 137 16
                                    


Still______________________________________________THE _______________________One___________________________________________




အ‌ရှေ့မှာ မလှုပ်မယှက်ထိုင်နေတဲ့သားအဖနှစ်ယောက်ကို ကြည့်ရင်း ရှောင်းကျန့် သွေးတွေတဒိတ်ဒိတ်ဆောင့်တိုးနေပြီ။

ကျင်းယုံပို့ပေးသမျှဖတ်မိသလောက် ဒီကလေးက ဝမ်ရိပေါ်ရဲ့အစ်မဖြစ်သူရဲ့ကလေးဖြစ်ပြီး ဝူကျိဆိုသူသည် ဝမ်ရိပေါ်ရဲ့အစ်မကို လက်မထပ်ဘဲ ရှောင်ပြေးသွားသူဖြစ်သည်။
ဝူကျိသည်လည်း အခြားသူမဟုတ် ဝမ်ရိပေါ်တို့ အိမ်ဘေးက လူသာဖြစ်သည်။

သူတို့၏ဇာတ်ရှုပ်သည် ကလေးအသက်၂နှစ်ကစ၍ ရှုပ်နေဆဲဖြစ်ပြီး အခုတော့ ဝမ်ရိပေါ်ဘက်က အပြတ်အသက်အနိုင်ရသွားပြီဖြစ်သည်။

အစ်မဖြစ်သူကလဲ ယခုဆိုလျှင် သာသနာ့ဘောင်ထဲ ဝင်သွားပြီဖြစ်၍ ကလေးတစ်ယောက်နှင့် ဝမ်ရိပေါ်သည် ကလေးဖေပေါက်စနှင့် တူနေတော့သည်။

ကလေးအဖေနေရာတွင် သူ့နာမည်နှင့် ကလေးကို အပြီးအပိုင်မွေးစားလိုက်ပြီဖြစ်တဲ့ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို အနားအကပ်မခံတော့။

အရှုပ်ထုပ်ကလေးရောက်လာသည့်နေမှစ၍ ရှောင်းကျန့်ဆီ ထိုအကြောင်းပြချက်နှင့် အလုပ်ထွက်စာလာတင်သည်။
လက်မခံတဲ့ ရှောင်းကျန့်က ကလေးကိုပါ အလုပ်ထိခေါ်လာခိုင်းလိုက်သည်။

ဒါကို တမင်အရွဲ့တိုက်ချင်တဲ့ဝမ်ရိပေါ်က တကယ်ကြီးခေါ်ချလာသည်။

အရင်ကဆို ပိုင်စိုးပိုင်နင်း နားသယ်စပ်တွေကိုဖြစ်ဖြစ်၊ပါးဖောင်းလေးတွေကိုဖြစ်ဖြစ် နမ်းခွင့်ရှိပေမဲ့ မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့အရှုပ်ထုပ်ကြောင့် အနားပင်ကပ်မရ။

ရှောင်းကျန့်ဘဝသည် ဝမ်ရိပေါ်အား ချစ်ခွင့်ရမည်မထင်တော့ပေ။

ဝမ်ရှောင်မို   ဝမ်ရှောင်မို...!!

ပြီးတော့ ကလေးရှေ့မှာ ပေါက်ကရတွေမပြောဖို့ပါ မှာထားသည်။

ဥပမာ - မောင်ဆိုတဲ့နာမ်စားမျိုးဖြစ်သည်။

" ဝမ်ရိပေါ် မောင့်.... အဟမ်း ကော်ဖီတစ်ခွက်လောက် ဖျော်ခဲ့ပေးပါ "

Still THE One /ZSWW/ [ COMPLETED ] Where stories live. Discover now