Meet me when the sunset

455 39 3
                                    

[Lady Gaga _ I'll never love again {Recommed song}]

ရှန်ဟိုင်းရဲ့ဆောင်းကအေးသည်မကထက်အေးလေသည်။ထို့ကြောင့်ချွမ်ရွေ့အနွေးထည်ထူထူတစ်ခုထပ်ဝတ်လိုက်ပြီးဘုရားကျောင်းတက်ဖို့ပြင်ရတော့သည်။ဒီရက်စွဲရောက်တိုင်းတစ်နေ့လုံးနီးပါးလောက်ဘုရားကျောင်းရောက်နေတတ်တာကခွဲခွာခြင်းကိုရူးမတတ်မှတ်မိနေတာကြောင့်ဖြစ်သည်။

လူတွေရှုပ်နေတဲ့ဘုရားကျောင်းလေးထဲသူဝင်လာလိုက်သည်။ဘယ်လောက်တောင်အေးလဲဆိုရင်သူ့ရဲ့နီဆွေးနေတဲ့ပါးလေးတွေကသက်သေပင်ဖြစ်လေသည်။သူရောက်လာတော့သူ့ကိုနှုတ်ဆက်တဲ့လူတွေကများတာမို့ချွမ်ရွေ့ပါးရိုးတွေနာလာတဲ့ထိပြန်ပြုံးရတော့သည်။

''ချွမ်ရွေ့ ဒီနေ့စောလိုက်တာ ''

''ဟုတ်တယ် ဒီနေ့ကအရေးကြီးတဲ့နေ့လေ ''

''အမယ် ဘာနေ့မလို့လဲ ''

''ကျွန်တော်ချစ်ရတဲ့လူနဲ့လမ်းခွဲခဲ့တဲ့နေ့ထူးနေ့မြတ်လေ ''

''ဟမ် ''

''ဟိုဘက်သွားတော့မယ် ဖာသာခေါ်နေပြီ ပြီးမှအေးဆေးစကား​ပြောတော့မယ် ''

သူပြောတော့သူ့ကိုစကားလာပြောတဲ့ဂျီဝွန်းဟျောင်းကကြောင်ခနဲ။ဟုတ်တော့လည်းဟုတ်ပါတယ်လေ ဘယ်သူကများလမ်းခွဲတဲ့နေ့ကိုနေ့ထူးနေ့မြတ်လို့ပြောမှာလဲ။အရူးလေးချွမ်ရွေ့ဘဲအဲ့လိုပြောမှာလေ။

''ချွမ်ရွေ့ အေးဆေးနေပြီးမှပြန်မှာမလား ''

''ဟုတ်တယ် ဖာသာ ဒီနေ့လေ ''

''အင်းပါ စိတ်ပျော်ဖို့ဘဲအရေးကြီးတာ ''

''ဟုတ်ကဲ့ အဲ့တာဆိုသွားလိုက်အုံးမယ် အကုန်လုံးစောင့်နေပြီမို့ ''

ဖာသာကသူ့ကိုသွားလေဆိုတဲ့သဘောနဲ့မေးဆတ်ပြလေသည်။ရစ်ခီလည်းအချိန်မဆွဲနေတော့ဘဲသူ့ကိုစောင့်နေတဲ့လူတွေရှိရာကိုသွားလိုက်သည်။သံစဥ်စတင်လာတာနဲ့သူ့ရဲ့အသံကလည်းတိုးတိုးလေးထွက်လာလေသည်။ဟုတ်တယ် ချွမ်ရွေ့ကဘုရားကျောင်းရဲ့choirအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

အခုလိုချွမ်ရွေ့ရဲ့ပုံစံကိုကြည့်ရင်တကယ့်ကိုအေးချမ်းသယောင်ထင်ရလေသည်။ဒါပေမဲ့သူ့ဘဝကဘယ်လောက်တောင်လေပွေလိုရှုပ်ထွေးခဲ့မှန်းသူကိုယ်တိုင်ကလွဲပြီးဘယ်သူမှမသိခဲ့။ ballerina တစ်ဦးဖြစ်တဲ့ချွမ်ရွေ့ကသူ့နေရာနဲ့သူတော့အတော်အသင့်နာမည်ရှိတဲ့သူတစ်ဦးဖြစ်သည်။ခုတော့အနားယူလိုက်ပြီးသင်ပေးတဲ့အလုပ်ဘဲလုပ်တော့ပေမဲ့ပေါ့။

Meet me when the sunset(Zhangri) Where stories live. Discover now