👨💼 ချစ်ရပါသော ရှေ့နေလေး👨💼👩⚕Part~6👩⚕
ဘယ်တုန်းကမှ ခြေချရမယ်လို့စိတ်တောင်မကူးထားတဲ့ ဇာတိမြေလည်းမဟုတ်၊ ကိုယ်နိုင်ငံသားခံယူထားတဲ့ နိုင်ငံမဟုတ်ပင်မဲ့ ဒီနိုင်ငံရဲ့ လူတစ်ယောက်ဆီကသွေးကသူရင်ထဲမှာရှိနေသည်။လေယာဥ်ပေါ်ကနေဆင်းတယ်ဆို ခြေချလိုက်တဲ့ မြန်မာပြည့်ရဲ့ လေဆိပ်။
ဆောင်း လေဆိပ်ကဆင်းတယ်ဆို မက်တပ်ရပ်နေပြီး ဘာလုပ်နေမှန်းမသိတဲ့ သူလက်မောင်းပုတ်လိုက်မိသည်။
"ရှင်ဘာလုပ်နေတာလဲ သွားမယ်လေ အန်တီလေးတို့က လေဆိပ်အရှေ့မှာရောက်နေပြီတဲ့"
အန်တီ နဲ့ အန်ကယ်က သူမတို့နှစ်ယောက်အကြောင်းပြောဖို့အတွက် လွန်ခဲ့နှစ်ရက်ကတည်းက ကြိုပြန်သွားတာကြောင့်ဖြစ်သည်။အခု သူမတို့လာတော့ လေဆိပ်ရှေ့မှာရောက်နေပြီးလို့ Messenge ပို့တာကြောင့်ဖြစ်သည်။
"အင်း ကိုယ်အတွက်တော့ မြန်မာပြည်ကအရမ်းစိမ်းနေတယ်"
"ရှင်မှမရောက်ဖူးတာ စိမ်းမှာပေါ့ အထူးအဆန်းတွေထထမပြောစမ်းပါနဲ့"
သူပြောတာကို မျက်စောင်းဝင့်လျက်ဘုဂလန့်ပြန်ပြောတဲ့ ပူတူးကြောင့်သူ့မှာ စိတ်ထဲမခုပဲပဲ အချစ်တွေသာတိုးလာရသည်။တွေ့ချိန်ခဏလေးနဲ့ ဒီအမျိူးသမီးလေးကိုပိုင်ဆိုင်ရတာနဲ့ပက်သက်ပြီး သူ့ရဲ့လုပ်ကြံဇာတ်ကိုတွေးက ပြုံးမိပြန်သည်။
"ရှင်ဘာရီတာလဲ သူ့စေရာ"
"မဟုတ်ပါဘူး ဒီအတိုင်းနှုတ်ခမ်းကပြုံးသွားတာ လေတိုက်လို့နေမှာပေါ့ ကိုယ်ကမပြုံးပါဘူး မင်းထင်လို့ပါ"
လေလေးတဟူးဟူး တိုက်နေတာကြောင့် သူနှုတ်ခမ်းက ပြုံးသွားရတယ်ရှိသေး။လေတိုက်ပြီး အဲ့နှုတ်ခမ်းကြီးပါ လေထဲပါသွားရမှာ။ရှေ့နေဆိုတဲ့အတိုင်းစကားကလည်းကြွယ်ပါ့။
"ရှင် ရှင် ရှေ့နေစုတ်"
"ကဲ တော်ပြီ မဟုတ်ရင်လေယာဥ်ကွင်းထဲမှာ ထသတ်ရင်း ကလေးပါမွေးသွားဦးမယ် ကိုယ့်ဘက်ကအလျော့ပေးပါတယ်"
ကိုယ့်ဘက်ကအလျော့ပေးတဲ့ စကားရှေ့က အသားယူပြောတာကြည့်။ လူအများကြီးရှိတဲ့လေယာဥ်ကွင်းထဲမရှက်မကြောက်ထပြောတဲ့ ရှေ့နေစုတ်။

YOU ARE READING
🖤DEAR LAWYER_[ချစ်ရပါသော ရှေ့နေလေး]🖤
Romance"ကိုယ့်အတွက်အချစ်ဆိုတာ စာဖွဲ့စရာမလိုတဲ့ရိုးရိုလေးပါပဲ ဆောင်းဦးလွင်တဲ့" Start Date.... 9.5.2023 End Date....24.10.2023 🚫Mine တို့ကို တစ်ခြား acc နဲ့ page တွေမှာကူးယူပြီး တင်ခွင့်မပြုပါ🚫