အပိုင်း(၁)

694 33 0
                                    

Sunghoonစာရေးစားပွဲမှာထိုင်ရင်း စာအုပ်ကိုရှေ့ချထားပြီးစာမကျက်ဘဲ
တစ်ယာက်သောသူရဲ့အကြာင်းကို တွေးနေမိတယ်။
"သူဘာလို့ကျောင်းမလာတာလဲ?ဖုန်းဆက်တာလဲမကိုင်ဘူး!သူဒီနေ့ရောဆိုင်မှာရှိနေလောက်မလား?နေမကောင်းလိို့မနေ့ကမလာတာလား?စိတ်ပူလိုက်တာ"
Sunghoonလက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တယ်။ည၇နာရီ။
Sunghoonဒီအချိန်မှာအပြင်ထွက်ရင်သူ့ရဲ့အမေကဆူမှာကိုသူသိပေမယ့် သူအရမ်းတွေ့ချင်တာကြောင့် အနွေးထည်ကောက်ဝတ်လိုက်တယ်။သူ သူ့ရဲ့အခန်းတံခါးကိုဖြေးဖြေးချင်းဖွင့်လိုက်တယ်။အသံမထွက်အောင်တံခါးပိတ်ပြီးနောက်မှာ သူအောက်ထပ်ကိုခြေသံမကြားအောင်ဖွဖွလေးနင်းပြီးဆင်းလာတယ်။သူတံခါးမကြီးနားကိုရောက်တော့မယ့်အချိန်မှာ အနောက်မှသူ့အမေရဲ့အသံထွက်ပေါ်လာတယ်။
"Sunghoon ဘယ်သွားမလို့လဲ"

Sunghoonလူမိသွားတာကြောင့်မပျော်ရွှင်တော့ပေ။သူသူ့အမေဘက်ကိုဖြေးဖြေးချင်းလှည့်လိုက်တယ်။
"မေမေ သားကော်ဖီဆိုင်သွားမလို့ဒီလမ်းထိပ်ကလေ"

"ဘာလို့ကုတ်ချောင်းကုတ်ချောင်းနဲ့သွားနေတာလဲခုနက"

"အာအဲ့ဒါက...ဟို.."

"ကော်ဖီသွားသောက်မယ်ဆိုလဲမြန်မြန်ပြန်လာ"

"ဟုတ်ကဲ့မေမေ"
Sunghoonအိမ်ထဲကပြေးထွက်သွားတယ်။ခြံတံခါးကို အလုပ်သမားဖွင့်ပေးတာတောင် မစောင့်တော့ဘဲ သူ့ဘာသာသူပဲဖွင့်ပြီးထွက်လာခဲ့တယ်။

သူကော်ဖီဆိုင်ထဲကိုပြေးပြီးဝင်လာမိတယ်။သူတွေ့ချင်နေတဲ့သူက ကော်ဖီများကိုလိုက်ချပေးနေတာတွေ့လိိုက်ရတယ်။သူသိပ်ကိုဝမ်းသာသွားတယ်။သူချက်ချင်းထိုသူဆီကိုအပြေးသွားလိုက်တယ်။
"JAKE! "

နာမည်ခေါ်တာကိုကြားလိုက်ရတဲ့သူတိုင်းကSunghoonကိုလှည့်ကြည့်လာကြသည်။Sunghoonက Jakeရှေ့ကိုအမြန်နှုန်းတစ်မျိုးနဲ့ရောက်လာပြီး Jakeရဲ့နဖူးလေးပေါ်ကိုသူ့လက်မဖိုးလေးတင်လိိုက်တယ်။သူ့လက်ကပူကျပ်နေတဲ့အရာကိုထိလိိုက်ရတဲ့အတွက်လက်ကိုအမြန်ရုပ်လိုက်တယ်။

"မင်းကိုယ်တွေပူကျပ်နေတာပဲ!ဆေးခန်းသွားရအောင်"

Jakeကခေါင်းရမ်းတယ်။
"သူငယ်ချင်း ငါအဆင်ပြေပါတယ်"

--You're Mine--Where stories live. Discover now