𝑺𝒂𝒖𝒅𝒂𝒅𝒆

258 27 1
                                    

ဟီးဆွန်းရဲ့ဘဝကြီးကပုံမှန်အတိုင်းလေးဘဲအမြဲသွားနေခဲ့တာဘဲ။
ကျောင်းရယ်အိမ်ရယ် မိသားစုတွေရယ်သူငယ်ချင်းတွေရယ် ပြီးတော့သူသဘောကျတဲ့စန္ဒယားရယ်။
အဲ့ဒီ့အပြင်သူစိတ်ဝင်စားတဲ့အရာဆိုလို့အထွေအထူးရှိမနေခဲ့ဘူး။
တစ်ခုသောညနေခင်းမှာဟီးဆွန်းဖုန်းသုံးနေရင်းသူ့ရဲ့ feed မှာကောင်လေးတစ်ယောက်ရဲ့ figure skating video ကတက်မလာခင်အထိပေါ့။
နိုင်ငံကိုယ်စားပြု figure skater ကောင်လေးကဖြူဖြူဖွေးဖွေးအသားအရည်နဲ့အတော်ကြည့်ကောင်းတဲ့ရုပ်ရည်ရှိတယ်။
ရေခဲပြင်ပေါ်မှာလှလှပပလေးကစားနေလိုက်ပုံများ။
အဲ့ဒီ့ကောင်လေး skate စီးနေတဲ့ video ကဟီးဆွန်းရဲ့အာရုံအလုံးစုံကိုစုပ်ယူသွားသ‌လားတောင်မှတ်ရတယ်။
လူတွေကအဲ့ဒီ့ကောင်လေးကို ice prince, handsome guy စတဲ့အမျိုးမျိုးသောခေါင်းစဉ်တွေတပ်လို့မှတ်ချက်တွေကိုပေးနေကြတယ်။
အဲ့ဒီ့လူတွေရဲ့ထင်မြင်ချက်တွေကိုဟီးဆွန်းလဲထောက်ခံတယ်။
နာမည်ကြီးဘဲ အဲ့တာကအဲ့ဒီ့အချိန်မှာအဲ့ဒီ့ကောင်လေးနဲ့ပတ်သက်လို့ဟီးဆွန်းတွေးလိုက်မိတာတစ်ခုဘဲ။
နောက်ပိုင်းမှာလဲအဲ့ဒီ့ကောင်လေးရဲ့ skating video တွေကသူ့ရဲ့ feed မှာဆက်တိုက်တက်လာတယ်။
အဲ့လိုနဲ့တစ်စုံတစ်ယောက်ကသူ့ဘဝထဲတဖြည်းဖြည်းချင်းဝင်လာခဲ့တယ်ထင်တယ်။
❄️🌊

ဟီးဆွန်းအထက်တန်းဒုတိယနှစ်။
ပတ်ခ်ဆောင်းဟွန်းဆိုတဲ့ကောင်လေးကဟီးဆွန်းတို့ကျောင်းကိုရောက်လာတယ်။
ဟီးဆွန်းကပတ်ခ်ဆောင်းဟွန်းကိုတွေ့မိတိုင်းမသိမသာလိုက်ကြည့်နေခဲ့မိတာဘဲ။
နာမည်ကြီးအားကစားသမားလေးရောက်လာတိုင်းမိန်းကလေးတွေကအော်ဟစ်ရောက်ရက်ခတ်လို့ရယ်။
ပတ်ခ်ဆောင်းဟွန်းကကျောင်းကိုလဲလာခဲတာကိုး။

အီဟီးဆွန်းရဲ့အထက်တန်းကျောင်းသားဘဝကဘာလိုလိုနဲ့ဘဲပြီးသွားတယ်။
ပတ်ခ်ဆောင်းဟွန်းကျောင်းကိုတစ်ခါတစ်ခါရောက်လာတဲ့ရက်တွေမှာဟီးဆွန်းကတစ်ချက်တစ်ချက်လှမ်းကြည့်ရုံလောက်အပြင်ကလွဲလို့ဘာမှမရှိခဲ့ဘူး။
နာမည်ကြီးတစ်ယောက်နဲ့တစ်ကျောင်းထဲတက်ခဲ့ရတယ်ဆိုတာတစ်ခုတော့သူ့မှတ်ဉာဏ်ထဲကျန်ခဲ့တာပေါ့။
❄️🌊

ဟီးဆွန်းတက္ကသိုလ်ပထမနှစ်ပြီးစအချိန်လောက်မှာပတ်ခ်ဆောင်းဟွန်း figure skating ကိုအနားယူလိုက်ပြီဆိုတဲ့သတင်းကိုတွေ့လိုက်ရသေးတယ်။
အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဘဝမှာတောင်အနားမယူခဲ့ပါဘဲဘာလို့အခုအချိန်မှာအနားယူလိုက်သလဲဆိုတဲ့အကြောင်းကဟီးဆွန်းရဲ့ခေါင်းထဲမှာနေရာယူလို့။
❄️🌊

𝑺𝒂𝒖𝒅𝒂𝒅𝒆Where stories live. Discover now