👨💼 ချစ်ရပါသော ရှေ့နေလေး👨💼
👩⚕Part~8👩⚕
Prewedding photo ကို ငပလီ အပြင် ပုဂံနဲ့ မန္တလေးမှာပါ ရိုက်တာမို့ သူမတို့ရန်ကုန်ကို 10ရက်လောက်နေမှပြန်ရောက်လာရသည်။သူမကို ရန်ကုန်ရောက်တယ်ဆို အိမ်မှာပြန်ပို့ထားခဲ့ပြီး သူကပြန်ထွက်သွားသည်။
Mine ခရီးကပြန်ရောက်တယ်ဆိုမနားနိုင်။Hotel ကိုပြန်ရောက်တယ်ဆို သူမကအဖြူရောင်ကြိုက်တာမို့ သူတို့လက်ထပ်ပြီးရင်နေဖို့ Paris မှာဆောက်မဲ့အိမ် Design အတွက် ကိုနေနဲ့တိုင်ပင် သူ့ရုံးခန်းဝင်လာလိုက်သည်။
"မင်းက ငါ့ကိုအိမ် Design လာတိုင်ပင်တာ ငါကအင်ဂျင်နီယာမှမဟုတ်တာ စေရ"
"ကိုနေကလည်း Hotel ခွဲတွေပြင်ဆင်ထားတာ ကျွန်တော်သဘောကျသလားမမေးနဲ့ ဒါပင်မဲ့ အခုက ကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့ Design နှစ်ခုရှိတယ်ပြမလို့"
ဆိုကာ တစ်ခါထဲယူလာတဲ့ အိမ် Design နှစ်ခုကို ကြည့်ဖို့ ကိုနေဆီကို သူ့ Laptopကိုကမ်းပေးလိုက်သည်။
နေမင်းလက်ရာ သူပေးတဲ့ Laptop ယူကာကြည့်လိုက်တော့ ဆွဲထားတဲ့ Design နှစ်ကိုယှဥ်ကြည့်တော့ နှစ်ခုလုံးအဖြူရောင်ကြီးသုံးထားတာပင်။သူ Design နှစ်ခုထဲမှ အိမ်ထဲကနေဆင်းတယ်ဆို အရှေ့မှာ ရေကူးကန်လိုကန်လေးရဲ့ အလည်မှာ ဂ ပုံစံထိုင်စရာဆိုဖာတွေကိုထားထားသည်။အဲတာတင်မက ရေကန်လေးရဲ့တစ်ဖက်စီမှာ နှစ်ယောက်အနားယူလှဲလို့ရတာလေးထားပြီး တစ်ဘက်စောင်းလိုက်တာနဲ့ ရေထဲဆင်းလို့ရတာမျိူး။
"အစ်ကို ကျွန်တော်ကဒုတိယပုံလေးသဘောကျတယ် အိမ်ရှေ့ထွက်လာပြီဆို လှေကားအဆင်းတစ်ဖက်ဆီမှာ အပင်လေးတွေစိုက်ထားတာက မျက်စီအေးသလိုခံစားရတယ်"
"အင်း အိမ်ပုံစံလေးကိုလည်းသဘောကျတယ် ဝရံတာကလည်းအကျယ်ကြီးကို မှန်ချပ်တွေနဲ့ကာထားတာ"
နေမင်းလက်ရာပြောတာကို သူကသဘောတကျပြုံးလိုက်မိပြီး အဲ့အိမ်လေးထဲသူသာသိတဲ့ အကြောင်းအရာတစ်ခုလည်းထည့်ထားသေးသည်။သူ့အကြံကိုတော့ သူမသိရင်ဖြင့် သူကိုထုလိုက်မဲ့ဖြစ်ခြင်း။အိမ်လေးရဲ့အရောင်ကတော့ သူကအနက်ရောင်ကြိုက်ပင်မဲ့ ချစ်ရတဲ့သူကအဖြူရောင်ကြိုက်တာမို့ အဖြူရောင်ထားလိုက်သည်။သူမနဲ့ပက်သက်လာလျှင် သူ့ဆန္ဒကဒုတိယပင်။

ŞİMDİ OKUDUĞUN
🖤DEAR LAWYER_[ချစ်ရပါသော ရှေ့နေလေး]🖤
Romantizm"ကိုယ့်အတွက်အချစ်ဆိုတာ စာဖွဲ့စရာမလိုတဲ့ရိုးရိုလေးပါပဲ ဆောင်းဦးလွင်တဲ့" Start Date.... 9.5.2023 End Date....24.10.2023 🚫Mine တို့ကို တစ်ခြား acc နဲ့ page တွေမှာကူးယူပြီး တင်ခွင့်မပြုပါ🚫