ကျွန်တော်နဲ့ဆရာမ

27.2K 73 6
                                    

ကျတော် ၁၀ တန်းအောင်၊ ကောလိပ်တစ်ခုမှာ ကျောင်း လာတက်ရတယ်။

နယ်ကဆိုတော့ အဆောင်ငှါးနေရတာပေါ့။

ငွေကြေးမတက်နိုင်တော့ ကျူရှင်မယူနိူင်ဘူးလေ။

ပထမနှစ်ကတော့ အဆင်ပြေချောမွေ့စွာ အောင်မြင်တယ်။

ဒုတိယနှစ်ကျတော့ မရတော့ဘူး ကျောင်းမှာလည်း စာတွေသေချာ သင်သလို စာမေးတာတွေလည်း လုပ်လာတယ်။

ကျတော်က စာမရတာများတယ်။

မေးတိုင်းမရတော့ တနေ့မှာ အင်္ဂလိပ်စာပြတဲ့ ဆရာမက နှစ်ပြားမတန်အောင် ဆူပါလေရော။

မျက်နှာတောင်မဖော်ရဲဘူး ပြောလိုက်တာဗျာ။

ကျောင်းဆင်းတော့ ဆရာမကိုတွေ့တာနဲ့.. “ဆရာမ..စကားနည်းနည်းပြောချင်လို့ပါ” ။

“အေး..ပြောလေ” ။

“ကျတော်နယ်ကလာပြီးကျောင်းတက်တာပါ ကျတော်တို့ဘဝက.. မပြည့်စုံပါဘူး.. ကျူရှင်လည်း မတက်နိုင်ပါဘူး..ဆရာမ” ။

မျက်နှာငယ်လေးနဲ့ပြောနေတော့ ဆရာမ ဂရုဏာသက်သွားတယ်နဲ့ တူပါတယ်။

“အေးလေ..ဆရာမကလည်းနေ့လည်က..အခြား ကိစ္စနဲ့ရောသွားတော့.. ဒေါသပိုဖြစ်သွားတယ် မင်းမင်း…” ။

“ဟုတ်..ဟုတ်..ဆရာမ” ။

“ပိတ်ရက်တွေမှာ..အိမ်လာခဲ့လေ. . ဆရာမဘာသာအပြင်.. အခြားဘာသာပါ သင်ပေးမယ်…” ။

“ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ်..ဆရာမ” ။

ဆရာမလည်း ဆိုင်ကယ်ပေါ်ခွ ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး မောင်းထွက်သွားသွားပါတော့တယ်။

ဆရာမနာမည်က ဒေါ်မေသူဇင်ပါ။

အင်္ဂလိပ်စာ သင်ပါတယ်။

အသင်ပြလည်း ကောင်းသူတယောက်ပါ။

ဆရာမက တရုတ် လူမျိုးစပ်တဲ့ သဘောရှိတယ်။

အသားက ဖြူတယ် တရုတ်မျက်နှာပေါက် ရိုးရိုးယဉ်ယဉ်ဝတ်ဆင် နေထိုင်တက်သူဖြစ်ပါတယ်။

ကျောင်းပိတ်ရက်ရောက်တော့ ဆရာမအိမ် ထွက်လာခဲ့တယ်။

အိမ်ရောက်တော့ ဆရာမအိမ်ရှေ့မှာ ပန်းအိုးတွေ ရွေ့နေတယ်။

ကျွန်တော်နဲ့ဆရာမМесто, где живут истории. Откройте их для себя