မရေမရာသောခံစားချက်

140 7 6
                                    

"ဟိတ် ဟိုက စာသင်နေရင်း အိပ်ငိုက် နေတဲ့ တစ်ယောက် "
ဆရာမက လှမ်းအော်လိုက်သော အခါ
"ဟာ ရှစ် ဆရာမ မိသွားပြန်ပြီကွာ စာသင်ရတာ ပျင်းနေပါတယ်ဆို အိပ်ငိုက်တာက မိသွားသေးတယ်"

မျက်လုံးများ ရီဝေဝေဖြင့် ယွန်းဂျောင်ဝူးဆိုသော ကောင်လေးက လှမ်းပြောလိုက်သည်

ထို ကောင်လေးကတော့ ထောင့် တစ်နေရာက သူ့ကို‌ကြည့်နေတဲ့ တစ်ခြားကောင်လေးတစ်ယောက်ကိုတော့ သတိထားမိပုံ မပေါ်

အချိန်က ဉာဉ့်နက်နေပြီ ဖြစ်သော်လည်း ညပိုင်း ကျူရှင်မို့ စာသင်တာက မပြီးသေး ယွန်းဂျောင်ဝူးတို့ ဆရာမကို အပေါ့သွားဖို့ပြောခဲ့ပြီး လစ်ထွက်ဖို့ ပြင်ဆင်နေပုံပေါ်သည်

"တီချယ် သား အိမ်သာ ခဏ သွားချင်လို့"

ပြောရင်းလှည့်ထွက်လာလိုက်တာ ခြေသံမှာ တစ်သံတည်းမဟုတ်ဘဲ နှစ်သံဖြစ်လို့နေသည်

"ဟာ ချီးပဲ ဘယ်ကောင် လိုက်လာပြန်ပြီလဲ
လစ်ထွက်ဖို့ပါဆိုနေမှ
ထားလိုက်တော့ကွာ ကိုယ့်ဘာသာပဲ ကြည့်လုပ်မယ်" ဟု ယွန်းဂျောင်ဝူးတို့ ညဉ်းတွားမိသည်

"နံရံကလည်း မြင့်လိုက်တာ အားးးး သေပြီ အာ့  "
 
"ဟိုချာတိတ် အဆင်ပြေရဲ့လား "

ယွန်းဂျောင်ဝူးတို့ မော့ကြည့်မိသည်  နှာတံဆင်းဆင်းနှင့် ရုပ်ရည်ချောမောလှသည် လူတစ်ယောက်

"ဟမ် ငါတို့ကျူရှင်မှာ ဒီလောက်ချောတဲ့လူ ရှိတာလား"

စိတ်ထဲက တွေးနေရင်း

"ဟိတ်ကလေး မင်းကိုယ့်ကို ကြည့်နေတာ ဘယ်တော့ ပြီးမှာလဲ"

"ယွန်းဂျောင်ဝူးရေ စိတ်ထိန်း စမ်း မရှိတဲ့ အရှက်တွေ ကွဲပါပြီ "

စိတ်ထဲမှာတော့ မျက်နှာဘယ်နားထားရမလဲယွန်းဂျောင်ဝူးတို့ မသိတော့ပါ

"ဒါနဲ့ ခင်ဗျားနာမည် ဘယ်သူလဲ "

ဂျောင်ဝူးကမေးလိုက်တော့ ငုံ့ကြည့်လာသည့် ထိုလူရဲ့မျက်ဝန်း "ရင်တွေတောင်တုန်တယ် လူကြီးရာ" ဟု ဂျောင်ဝူးတို့ တွေးမိသည်

"ဟဲ့ မင်းတို့ ဘယ်သွားကြမလို့လဲ"
ဆရာမက အော်ပြောနေသည်ကို နားစွန်နားဖျားကြားလိုက်သော်လည်း
လျစ်လျူရှုကာ ပြေးထွက်လာလိုက်သည်

"အာရှစ် ဘယ်ဘဝက ပါရမီလဲ မသိဘူး ဘာလုပ်လုပ်ကို မိနေတာပဲ ဒီတိုင်းဆို ငါတော့ သေတော့မယ်"

"ဂျောင်ဝူး ဘာမှပင် မစဉ်းစားတော့ပဲ ရှေ့က လူကြီး လက်ကို ဆွဲ၍ ပြေးလေတော့သည်"

အမှတ်တမဲ့ နောက်ကဘဲကြီးကို ကြည့်မိလိုက်တော့ အူကြောင်ကြောင်လေးနဲ့ပါလာသည်လေ

" မောလိုက်တာ တော်သေးတာပေါ့ လွတ်သွားလို့ ဒါနဲ့ ခင်ဗျားကကော အတန်းလစ်တာပဲလား "

"ကိုယ့်ကိုပြောတာလား"

မျက်ဝန်းနက် ကြီးများဖြင့် ကြည့်ရင်းပြောနေသည့် ထိုလူကြီး

"ခင်များကို မပြောလို့ ဘယ်သူ့ကိုပြောရမှာလဲဗျ ဒါနဲ့ နာမည်ကရော ဘယ်အတန်းကလဲ "

" ဟမ် ဖြေလေ"

"အဲ့လောက်အများကြီးမေးနေတာ မမောဘူးလား"

"ဟ ခင်ဗျားဗျာ"

"ကိုယ်သွားပြီ ချာတိတ် ဘိုင်"

"ချီးချာတိတ်လား ဗျ"

ပြောချင်ရာပြောပြီးလှည့်ထွက်သွားသောထိုလူရဲ့ ကျောပြင်များ ပျောက်ကွယ်သွားသည့်တိုင်အောင် ကြည့်နေမိသည်

/////////////////////////////////////////////////////////////////

ပထမဆုံးရေးထားတဲ့ fic လေး မို့ လိုအပ်ချက် ရှိရင် ခွင့်လွတ်‌ပါဗျ။

Kim jiwoong
19 years

Yoon jeongwoo18 years

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Yoon jeongwoo
18 years

ဟုတ်ပါတယ် အထက်တန်းကျောင်းသားတွေပါလို့ 🫰😞

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဟုတ်ပါတယ် အထက်တန်းကျောင်းသားတွေပါလို့ 🫰😞

I Don't Wanna Hurt You Where stories live. Discover now