ရက်စွဲ (၃၂)

306 28 8
                                    

အစ်ကို့ဆီမှ စာတစ်စောင်တလေမှ မလာခဲ့ပါ။နှစ်ထောင်ခုနှစ်တွေကလို စာတစ်ဆောင်ပို့ဖို့ စာတစ်တန်ပေတစ်တန်ရေးပြီး စာတိုက်မှ ပါးရသည့် ခေတ်လဲ မဟုတ်ပါ။ ဖုန်းလေးထုတ်ပြီး ဟိုင်း လို့တစ်လုံးတည်းရေးလျှင်ပင် ကျေနပ်မိပါအုန်းမည်။ ခုတော့ အစ်ကို့ဆီက စာမလာ သတင်းမကြား လေနှင်ရာလွင့်တဲ့မိုးတိမ်လို ဖမ်းမမှီပါ။ အတွေးတို့ကလဲ ကျယ်ပြောစွာ မစီးဆင်းဘဲ အစ်ကို့ဧရိယာ တစ်ဝိုက်လေးမှာသာ ပြန့်နှံ့နေသည်။ အစ်မနဲ့ စာပို့တော့ အစ်မပြောတာ အစ်ကိုဟာ မာစတာတန်း (master)ဆက်တက်ဖို့ ပြင်ဆင်နေသည်။ ထိုင်းမှာသွားတက်မည် ဖြစ်ကြောင်းနှင့် အလုပ်တွေ ခုတလော ရှုပ်နေကြောင်း သိရသည်။ မည်သို့ပင်အလုပ်ရှုပ်စေကာမူ စူးကျယ်အောင် ဒီ ထိုင်းကိုသွားမည့် ကိစ္စကိုတော့ ပေးသိသင့်သည် ဟု ယူဆမိပါသည်။ ပေးသိရအောင် စူးကျယ်အောင်ဟာ အစ်ကို့သူငယ်ချင်းလဲ မဟုတ်သလို မိသားစု ဆွေမျိုးလဲ မဟုတ်ပြန်ပါ။ ချစ်သူရည်းစားလဲ မဟုတ်သလို ဘာမှ ကိုမဟုတ်ပြန်ပါ။ သို့သော်လဲ အစ်ကိုနှင့်အတူ အနမ်းတွေ အလဲထပ် လုပ်ခဲ့ဖူးကြသည်လေ။ မုန့်လဲ အတူတူ အကြိမ်ကြိမ်စားဖူးသည်။ မိသားစုဝင်အကုန်လုံးနှင့်လဲ အတွင်းသိအဆင်းသိသည်အထိ ရင်းနှီးခဲ့ကြသည်။ သည်လိုဆိုလျှင် သူဟာ အရေးမပါသူလား။ အဲ့လောက်ထိတော့မရက်စက်ပါနဲ့ အစ်ကိုရယ်။ အရင်းနှီးဆုံး မဟုတ်လျှင်တောင် သူစိမ်းတော့ မဖြစ်ချင်ပါ။ အစ်ကိုနှင့် စကားလေးပြောနေရရင်ဘဲ ကျေနပ်ပါပြီ။ စူးကျယ်အောင်သေချာခန့်မှန်းမိပါသည်။ အစ်ကိုဟာ တိုက်ဆိုင်မှုရှိတိုင်း သို့မဟုတ် အစ်ကို တွေးတောစရာ ကိစ္စ မရှိသည့် အချို့အချိန်များမှာတော့ သူ့အကြောင်းကို တွေးတန်ကောင်းပါရဲ့။ သူ့ကို သတိလေး ဖျတ်ခနဲ ရတန်ကောင်းပါရဲ့။ ထိုသို့ဖြစ်လာလျှင် စာလေးတစ်ကြောင်းလောက်တော့ အစ်ကို့ဘက်က စပြီး ပို့သင့်သည် ဟုလဲ ယူဆမိပါသည်။ အကြိမ်တိုင်းမဟုတ်တောင် တစ်ခါတစ်ရံလေးတော့ ဖြစ်သင့်ပါသည်။ အမြဲတမ်း စူးကျယ်အောင်ဘက်မှပင် စ၍ဆက်သွယ်ရသည်ချည်းသာ။ ဟော ခုလဲ မနေနိုင်ပြန်တော့ ဆက်သွယ်ရပေအုန်းမည်။တစ်ခါသတ်ရင် တစ်ခါတည်းနှင့်အပြီးတိုင်သေဆုံးရပေမည်။ မသတ်ဘဲနှင့်ထားလေတော့ အကြိမ်ကြိမ်သေဆုံးရပေရောပေါ့။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now