731 - 735

109 6 0
                                    


Godly Sword System
Chapter 731 နဂါးနတ်ဘုရားရေကုန်အောင်ခြေ
Translated by Thura

ယန်ချီက မုရွှယ်အာရဲ့ စကားကို ကြားတော့ သူမဖက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“နဂါးနတ်ဘုရားရေကန်”

မုရွှယ်အာတစ်ယောက် ယန်ချီရဲ့ စကားကို ကြားတော့ အံ့အားသင့်သွားခဲ့တယ်။

သူမအနေနဲ့ ယန်ချီက ဘာကြောင့် နဂါးနတ်ဘုရားရေကန်ဆီ သွားချင်ရလဲဆိုတာကို နားမလည်ခဲ့ပါဘူး။

ပြီးတော့ နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေကလည်း နောက်ကနေ လိုက်လာလိမ့်မယ်လို့ သူမ မထင်လိုက်မိပါဘူး။

“ဆရာ ဆရာတို့တွေ ဘာကြောင့် နဂါးနတ်ဘုရားရေကန်ဆီကို သွားကြမှာလဲ”

“”မုရွှယ်အာက သူမရဲ့ ဆရာကို မေးလိုက်တယ်။

“ယန်ချီက နဂါးနတ်ဘုရားရေကန်ထဲ ဆင်းချင်လို့တဲ့ ”

“ဘာ. . .”

မုရွှယ်အာက အကြောင်းပြချက်ကို သိတော့ အံ့သြမှင်သက်သွားခဲ့တယ်။

ယန်ချီက နဂါးနတ်ဘုရားရေကန်ထဲ ဆင်းဖို့ အဆင့်ဖြစ်နေမှန်း သူမ မထင်ခဲ့မိဘူးလေ။

ဒါပေမယ့် ယန်ချီသာ နဂါးနတ်ဘုရားရေကန်ထဲ ဆင်းသွားမယ်ဆိုရင် သေချာပေါက် သေဆုံးသွားမယ်တာ သူမ သိပါတယ်။

ဒီအကြောင်းကို တွေးမိလိုက်တော့ သူမက ယန်ချီအရှေ့ ပိတ်ရပ်လိုက်တယ်။

“စီနီယာ ရှင် နဂါးနတ်ဘုရားရေကန်ထဲ မဆင်းဖို့ ကျွန်မ အကြံပေးပါရစေ”

မုရွှယ်အာက ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ်။

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ မုရွှယ်အာကို ကြည့်ပြီး ပြုံးလိုက်မိတယ်။

မုရွှယ်အာဆိုတဲ့ မိန်းကလေးကတော့ သူ့အပေါ် သဘောကျပြီး တားဆီးနေပြီလို့ တွေးလိုက်မိတယ်။

သူက နဂါးနတ်ဘုရားရေကန်ထဲ ဆင်းဖို့ ဆုံးဖြတ်ထားတာကြောင့် ဘယ်သူမှ တားဆီးလို့ မရတော့ပါဘူ။

သူက မုရွှယ်အာနဲ့အတူ အဓိပ္ပါယ်မရှိတာတွေ ပြောမနေချင်တော့တဲ့အတွက် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုပြီး ပြေးလွှားသွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now