736 - 740

121 9 0
                                    

Godly Sword System
Chapter 736 မုဆိုးဘုရင်ရဲ့တူကို ရရှိခြင်း
Translated by Thura

စပါးကြီးမြွေသားရဲက သူ့ဆီကို ပြေးဝင်လာတဲ့ ယန်ချီကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်တယ်

“ကြည့်ရတာ တကယ်ကို သေချင်နေတာပဲ”

ချက်ချင်းပင် စပါးကြီးမြွေသားရဲ က ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်တယ်။

ဒါပေမယ့် ယန်ချီက မည်သည့်ခုခံမှုမှ မလုပ်ထားဘူးလို့ စပါးကြီးမြွေသားရဲ အနေနဲ့ မထင်မိလိုက်ပါဘူး။

ဒီလိုဆိုရင် ယန်ချီက စပါးကြီးမြွေသားရဲ ရဲ့ ဝါးမြိုခြင်းကို ခံရတော့မှာပါ။

“ဟား ဟား ဟား ”

စပါးကြီးမြွေသားရဲ က ယန်ချီကို ဝါးမြိုပြီးနောက် အားပါးတရ ရယ်မောလိုက်တယ်။

ဒါပေမယ့် ချက်ချင်းပင် စပါးကြီးမြွေသားရဲ က မရယ်နိုင်တော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲက နာကျင်မှုကို ခံစားလိုက်ရတာကြောင့်ပါ။

“အား . . .”

စပါးကြီးမြွေသားရဲ က နာကျင်စွာနဲ့ ခြောက်ခြားစွာ အော်မြည်နေခဲ့တယ်။

ဒီလို ခြောက်ခြားဖွယ်အော်မြည်သံက တကယ်ကို တုန်လှုပ်ဖို့ ကောင်းပါတယ်။

အဲ့ဒီနောက်တော့ စပါးကြီးမြွေသားရဲ ရဲ့ ဦးခေါင်းထိပ်မှာ အပေါက်ကြီးတစ်ခု ပေါ်လာခဲ့တယ်။

အဲ့ဒီအပေါက်ကနေ လူတစ်ယောက် ခုန်ထွက်လာခဲ့တယ်။

အဲ့ဒီလူကတော့ အခြားသူ မဟုတ်ပဲ ယန်ချီပါ။

စပါးကြီးမြွေသားရဲ ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းက သူ့ရဲ့ ဓါးချက်ကြောင့် စုတ်ပြတ်ကုန်ပါပြီ။

စပါးကြီးမြွေသားရဲ ကြီး ကြမ်းပြင်ပေါ်လဲကျသွားပြီးနောက် ယန်ချီက နဂါးနတ်ဘုရားရေကန်အောက်ခြေကို ပြန်ရောက်လာခဲ့တယ်။

“ဒင် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို ရှာတွေ့ပါတယ်။ သခင်က ပေါင်းစည်းချင်ပါသလား”

စနစ်ရဲ့ အသံကို ကြားပြီးနောက် ယန်ချီရဲ့ မျက်နှာထက်မှာ စိတ်လှုပ်ရှားတဲ့ အမူအယာ ပေါ်လာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now