ep (1)

226 18 7
                                    


Taxi ကားတစ်စင်းသည် အ​​​ခြေခံလူတန်းစားရပ်ကွက်အတွင်းသို့ ဝင်ရောက်လာ၏ ။

" စိတ်ပျက်စရာ''

ကားနောက်ခန်းတွင် စိတ်ပျက်လက်ပျက်ထိုင်နေသော ကောင်လေးဆီမှ ညီးညူသံတစ်ခုထွက်လာ၏။

" စိတ်ပျက်လည်းမတတ်နိုင်ဘူး နင် ဒီမှာဘဲနေရမှာ ''

ရှေ့ခန်းက အမျိုးသမီးသည် ဘောက်ဆတ်ဆတ်ပြန်ပြော၍ ကောင်လေး၏ မျက်နှာသည် ပို၍ပင် အလိုမကျမှုန်ကုပ်သွား၏ ။

ကားမှန်မှတဆင့် မြင်နေရသည့် ညစ်ထေးနေသည့် တိုက်ပုပုသေးသေးတွေ၊ ဆိုင်ကယ်စုတ်တွေ၊ ကားစုတ်တွေ ၊ လူတွေလည်း စုတ်တိစုတ်ပြတ်။ ဒီလိုဆင်ခြေဖုံရပ်ကွက်ကြီးမှာ ယောန်ဂျွန်းနေနိုင်မည်မထင်။

အရာရာကို အသန့်ကြိုက်ကာဇီစာကြောင်သည့် ​​ယောန်ဂျွန်းသည် ဤရပ်ကွက်၏ နေထိုင်မှုအဆင့်အတန်းကို မြင်ရရုံနှင့် ထွက်ပြေးချင်နေပြီဖြစ်၏ ။

လမ်းကြားလေးထဲ ချိုးကွေ့ဝင်သွားသည့် ယောန်ဂျွန်းတို့စီးလာသည့် taxiကား။
လမ်းကြားတစ်လျှောက်ရှိ နေအိမ်တွေသည် ပို၍ပင် စုတ်ပြတ်နေသည်။ ပေပွနေသော နံရံ၊ ကျိုးပဲ့နေသော ပြတင်းပေါက်၊ ဘေစင်တောင်မရှိ။ အိမ်ရှေ့မှာပင် ပန်းကန်ခွက်ယောက်တွေကို ရေတစ်ပုံနှင့် ဆေး​ကြောနေ၏ ။ ဟင်းကြွင်းဟင်းကျန်တွေကိုလည်း ရေမြောင်းကျဥ်းလေးထဲပင်ပြစ်ချလိုက်သေး၏ ။ ယွံစရာ။

လမ်းကျဥ်းလေးထဲ ပြေးလွှားဆော့ကစားနေသည့် ကလေးတွေကလည်း အင်္ကျီမဲမဲတူးတူး၊ မျက်နှာချွေးတွေတပြန်ပြန်နှင့် ။ စိတ်ဆင်းရဲစရာ။

" ကျစ်..... စိတ်ပျက်စရာတွေကြီးကွာ''

တကယ့်ကို ဆင်းရဲသားရပ်ကွက်ဆိုသည့်အတိုင်း နိမ့်ပါးသောသူတွေ၊ ညဏ်နည်းသူတွေချည်း စုစည်းနေသောနေရာ။

ကားလေးသည် ရုတ်ချည်းရပ်သွား၏ ။

" ရောက်ပြီ ယောန်ဂျွန်း ဆင်း ''

" အင်း ''

ကားတံခါးကို ဆောင့်ဖွင့်ကာ အပြင်ထွက်လာ၏ ။ ဆင်းရဲသားရပ်ကွက်၏ ပြင်ပလေထုကစ မီးခိုးတအူအူ၊ အညစ်အကြေးတွေ၏ အနံ့အသက်တလူလူ။

Make Me (Stawberry And Cigarette )Where stories live. Discover now