Chapter(30.1)

263 56 0
                                    

Chapter(31)အဆက်

လင်းယုတုန်က ဘာပြောရမှန်းတောင် မသိတော့ဘူး။သူက ကျန်းရီဖေးက သူ့ကိုချစ်မှန်းသိပေမဲ့ သူက ဘယ်တော့ကမှ ဒီလောက်ထိ နက်ရှိုင်းစွာချစ်နေလိမ့်မယ်လို့ မထင်ထားဘူး။နည်းနည်းလေးမှ ထင်မှတ်မှားမှုမရှိဘူးဆိုတာ မသိခဲ့ဘူး။

ဒီအခိုက်အတန့်မှာ သူ့ခံစားချက်တွေကို ဖော်ပြဖို့ရာ ဘယ်လိုစကားလုံးတွေကို သုံးနှုန်းရမလဲဆိုတာ တကယ်ကိုမသိတော့ဘူး။ခဏကြာမှ လင်းယုတုန်က ကျန်းရီဖေးကို ပွေ့ဖက်လိုက်သည်။

ကျန်းရီဖေးက လင်းယုတုန်က ပြန်ပွေ့ဖက်လိုက်ပြီး သူ့နဖူးကို နမ်းလိုက်ပြီး "ရှောင်တုန် ကိုယ်မင်းကိုချစ်တယ်..ဒါကို ကိုယ်မင်းကို အရင်ကတည်းက ပြောချင်ခဲ့တာ"

လင်းယုတုန်က ကျန်းရီဖေးကို တင်းကျပ်စွာဖက်ထားပြီး သူ့မျက်လုံးတွေက နီရဲလာသည်။သူက ဘယ်တော့ကမှ ဘုရားသခင်ကို သူ့ကိုပြန်လာခွင့်ပေးလို့ ဒီလောက်ထိကျေးဇူးမတင်ဖူးဘူး။တကယ်လို့မဟုတ်ခဲ့ရင် ကျန်းရီဖေး၏ချစ်ခြင်းမေတ္တာကို သူဘယ်များလုပ်ဆောင်ပေးနိုင်တော့မလဲ?သူက သူ့မျက်လုံးထဲကနာကျင်မှုကိုခုခံရင်း ကျန်းရီဖေး၏နားထဲကို တီးတိုးပြောလိုက်တယ် "ကျွန်တော် ကျိန်ဆိုတယ်..ကျွန်တော်က အနာဂတ်မှာဘယ်လိုအကြောင်းကိစ္စဘဲရှီပါစေ ခင်ဗျားကို ဘယ်တော့မှအထီးကျန်မှုကို မခံစားစေရတော့ဘူး"

ကျန်းရီဖေးက ဒီစကားလုံးတွေက ဒီနေ့သူကြားခဲ့ရသမျှစကားလုံးတွေထဲမှာ အလှဆုံးဖြစ်တယ်လို့တွေးမိသည်။တကယ်လို့သူသာတတ်နိုင်ရင် တကမ္ဘာလုံးကို လင်းယုတုန်ထံပေးလိုက်ချင်သည်။

သို့သော်လည်းဘဲ ဒါက သိပ်မကြာလိုက်ဘဲ သူအိမ်ထဲဝင်လိုက်တာနှင့် သူက လင်းယုတုန်နှင့်ကစားချင်နေတာကို ရှာတွေ့လိုက်သည်...သေတ္တာထဲပါဝင်သည့်အရာတွေကို ကြည့်ခွင့်ပေးရင် သူက အပြစ်ဒဏ်ပေးခဲရမယ်လို့သဘောတူထားတာဖြစ်တယ်။ဒါပေမဲ့ သူက သူ့(လင်း)ဘောင်းဘီကိုချွတ်လိုက်တာနှင့် လင်းယုတုန်က တကယ်ကြီး သူ့လက်ကို ဆွဲပြီး သူလှုပ်ရှားမှုကို ဟန့်တားလိုက်သည်!

"ရီဖေး ကျွန်တော် တစ်စုံတစ်ခုလုပ်စရာရှိတာ မြန်မြန်လုပ်မယ်လို့ ခင်ဗျားကို ကတိပေးတယ်။ဒါကိုကြည့်..ကျွန်တော်တို့ ဒါကိုညှပ်ပြီးမှလုပ်နိုင်မယ်?"လင်းယုတုန်က ကျန်းရီဖေး၏လက်သည်းတစ်ခုစီက အလွန်ကိုဝိုင်းစက်ပြီးချောမွတ်နေတာကို မြင်တယ်...ဒါပေမဲ့ ညာဘက်လက်က လက်သည်းလေးတွေက အခြားဟာတွေထက်ကို ရှည်နေသည်။သူက OCDရှိသူဖြစ်သည်။သူက လက်သည်းတွေကိုညှပ်ပြီး ပုံသွင်းလိုက်သည်။ဒါက သူက သူ့စိတ်ကိုငြိမ်းချမ်းစေဖို့အတွက် အခြားအရာတွေကို မလုပ်ခင် လုပ်ဆောင်ရမှာဖြစ်သည်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now