741 - 745

116 12 0
                                    


Godly Sword System
Chapter 741 အဖိုးအိုတစ်ယောက်နဲ့ မိန်းကလေး တစ်ဦး
Translated by Thura

ယန်ချီကတော့ ပါရမီရှင် နှီးနှောဖလှယ်ပွဲနဲ့ ပတ်သတ်ပြီး မည်သို့မျှ စိတ်မဝင်စားပါဘူး။

ဒါပေမယ့်လည်း သူက ဇောင်လုံမြို့ကို မရောက်ဖူးတာကြောင့် သွားကြည့်ချင်နေခဲ့တယ်။

“သွားကြမယ်လေ”

ယန်ချီက မုရွှယ်အာရဲ့ စကားကို လက်ခံလိုက်တယ်။

ယန်ချီ သဘောတူလိုက်တာကို မြင်တော့ မုရွှယ်အာရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ အလွန် ပျော်ရွှင်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။

ချက်ချင်းပင် ယန်ချီနဲ့ မုရွှယ်အာတို့နှစ်ယောက် နဂါးဘုရားကျောင်းကနေ ထွက်လာခဲ့ကြတယ်။

သူတို့နှစ်ယောက် ဦးတည် သွားနေတဲ့ နေရာက ဇောင်လုံမြို့ပါ။

ယန်ချီနဲ့ မုရွှယ်အာတို့နှစ်ယောက် ရက်အနည်းငယ်ကြာ လမ်းလျှောက်လာခဲ့ပြီးနောက် သူတို့တွေက ဇောင်လုံမြို့နဲ့ နီးသထက် နီးကပ်လာခဲ့ပါပြီ။

“ဒင် ကံစမ်းခွင့် ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။”

ရုတ်တရက် စနစ်ရဲ့ အသံကို  ယန်ချီ တစ်ယောက် ကြားလိုက်ရတယ်။

ယန်ချီက သူ့မှာ မည်သည့်ကံကောင်းမူ ရှိမရှိ တွေးလိုက်မိတယ်။

ဒီအကြောင်းကို တွေးတောပြီးနောက် ယန်ချီက ကံစမ်းမယ့် အခွင့်အရေးကို အသုံးပြုလိုက်တယ်။

သူ့ရဲ့ စိတ်ထဲမှာ ရှိတဲ့ အဝိုင်းပြားလေးပေါ်မှာ မြားတံလေးက စတင်လှည့်ပတ်လာခဲ့တယ်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် မြားတံလေး လည်နေရာနေ ရပ်သွားခဲ့တယ်။

“နှစ်တစ်ထောင် ရေခဲကြာပန်းကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်”

“နှစ်တစ်ထောင် ရေခဲကြာပန်း .. အထူးရတနာဆေးဝါးတစ်ခုဖြစ်ပြီ သေခါနီးလူနာကိုတောင် ပြန်ရှင်နိုင်သည်အထိ အသုံးပြုနိုင်သည်”

နှစ်တစ်ထောင်ရေခဲကြာပန်း၏ အညွှန်းကို ဖတ်ကြည့်ပြီးနောက် ယန်ချီက နားလည်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now