1

45.1K 78 0
                                    

ယမင်းထွန်းတစ်ယောက် အလုပ်ရှုပ်နေသဖြင့် အနားယူချိန်ပင် မရှိပေ။ အဓိက အလုပ်ရှုပ်ရသည့် အကြောင်းမှာ ညီမ ဝမ်းကွဲ နွယ်နီ့အမျိုးသား၏ တူမဖြစ်သူ ခိုင်သုတ ရောက်နေခြင်းကြောင့်လည်း ဖြစ်သည်။ တက္ကသိုလ် 2nd year မတက်ခင် Computer , speaking စသည့် သင်တန်းများ တက်ရန်အတွက် နွယ်နီ အကူအညီတောင်းထားသဖြင့် အိမ်မှာနေရန် ခိုင်သုတအား လက်ခံခဲ့သည်။

အမျိုးသားဖြစ်သူ ကိုဝင်းနိုင်ကလည်း ခရီးထွက်ရသည်က များသဖြင့် ယမင်းထွန်း အဖေါ်ရစေရန် လက်ခံခိုင်းထားခြင်း ဖြစ်သည်။ ခိုင်သုတ တက်ရောက်လိုသည့် သင်တန်းများအား ကိုယ်တိုင်ကိုယ်ကျ စုံစမ်းကာ အပ်နှံပေးရသဖြင့် မအားလပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အတာ့ထံသို့ပင် မရောက်ဖြစ်ပေ။

နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကလေးနှစ်ယောက်စလုံး အဖိုး အဖွါးထံ အလည် သွားနေ၍သာ တော်တော့သည်။

ခိုင်သုတ

အသက်က 20 နှစ်

အရပ်က 5' 4" ခန့်သာရှိပြီး ဖြူဖြူ နှင့် slim body လေး။ ပိန်သည်ဆိုသော်လည်း ခန္ဓာကိုယ် အချိုးအစား အရှိုက်အဟိုက်များက ကြည့်၍ ကောင်းသည်။ ဆံပင်ကလည်း ယောက်ျားလေးပုံစံ ခပ်တိုတိုလေး ညှပ်ထားသည်။ ရုပ်လေးက ချစ်စရာ အလွန်ကောင်းသော်လည်း သူမသည် ယောက်ျားစိတ် ပေါက်နေသူ (tomboy) တစ်ယောက် ဖြစ်သည်။

ထမိန် ဘယ်တော့မျှ မဝတ်တက်ပေ။ အမြဲလိုလို T-Shirt color စုံနှင့် ဂျင်းဘောင်းဘီသာ ဝတ်တက်သည်။ သူမအား ကြွေနေသော ယောက်ျားလေးများကို စိတ်မဝင်စားဘဲ မိန်းခလေးများကိုသာ စိတ်ဝင်စားသူ ဖြစ်သည်။ တက္ကသိုလ် 1st year တွင် သူမအား ရီးစားစကား ပြောသည့် ကောင်လေး သုံးလေးယောက်ခန့်အား လက်သီးနှင့် ထိုးဖူးသည်။

ထို့ကြောင့် သူမ၏ မိဘများက ယမင်းထွန်း၏ ဆိုင်ကိုလည်း ကူလုပ်ရင်း မိန်းမစိတ် ပေါက်သွားစေရန် ရည်ရွယ်၍ ပို့လိုက်ခြင်း ဖြစ်သည်။

" မိခိုင်ရေ "

" အာာာာာ တီလေးနော်၊ ကျွန်တော့်ကို မိခိုင်လို့ မခေါ်နဲ့ဗျာ၊ ကျွန်တော် မကြိုက်ဘူး "

လက်ဆင့်ကမ်း ရမ္မက်နွံWhere stories live. Discover now