INTRO

1.8K 92 15
                                    


" ကျွန်မ ရာအယ်လာတိုင်းပြည်ရဲ့ မင်းသမီး ယူဆယ်ရာ ၊
ဘုရင်ကြီး ၊ ဘုရင်မကြီး နဲ့ မင်းသားကို တွေ့စုံရတာ ဝမ်းသာမိပါတယ် "

ကြည်လင်တောက်ပနေတဲ့ မျက်လုံးတွေ ကို ဝန်းရံထားတဲ့ ခပ်စိတ်စိတ် မျက်တောင်ရှည်တွေ ၊ အချိုးကျသော နှာတံနှင့် ခပ်ပါးပါးနှင့် လှပလှသော နှုတ်ခမ်းတွေနဲ့ လိုက်ဖက်စွာ နှင်းလို ဝင်းပနေတဲ့ သူမ အသားအရေနဲ့အပြိုင် ဝဲကျနေတဲ့ သူမရဲ့ ငွေမင်ရောင် ဆံနွယ်ရှည်တွေက တောက်ပလို့နေတယ်။

အပြင်ဘက်ကနေ တိုးဝေ့‌ဝင်လာတဲ့ လေဟာ သူမရဲ့ အဖြူရောင် လက်အဖျားစလေးတွေနဲ့ ဆံနွယ်တွေကြား လှုပ်ခပ်သွားတဲ့ အချိန်မှာတော့ သူမက သိပ်ကျက်သရေရှိလေတဲ့ အဖြူရောင်ဒေါင်းငှက်လေး တစ်ကောင်လိုပင်။

ခုနှစ်ထောင် တိုင်းပြည်ထဲက တစ်ခုရဲ့ မင်းသမီး‌ဖြစ်သည့်ပမာ နာမည်သည် မကြာဖူးတဲ့ နာမည်တော့မဟုတ်။ လှပမှု၊ ထက်မြက်မှုနဲ့ ပိုးသားလေးလိုဖြူတယ်ဆိုတဲ့ သူမ ၏ စိတ်ထားကြောင့် သူတို့ တိုင်းပြည်ရဲ့ နားဝထိတောင် ဂုဏ်သတင်းမွှေးလှ၏။

" ကြားထားတဲ့ သတင်းတွေအတိုင်း သိပ်ကိုလှပ ပါပေတယ် မင်းသမီးလေးရယ် "

" ဘုရင်မကြီးရဲ့ ချီးမြောက်မှုကြောင့် ကျွန်မ ဝမ်းသာဂုဏ်မြောက်ရပါတယ် "

သူ့ တိုင်းပြည်ရဲ့ ဘုရင်မ တဖြစ် သူ့၏ အမေသည် ထို မိန်းကလေးကို တော်တော်သဘောကျနေပုံပေါ်၏။ သူမရဲ့ ပင်လယ်ပြာရောင် ဝတ်ရုံအောက်ကနေ နူးညံ့သော လက်ကို ထုတ်၍ ဘုရင်ကြီး၏ ပုခုံးကို အသာထိတွေ့ကာ ပြုံးရယ်နေကြသည်။

နီလာခန်းထဲ မှူးမတ်တွေကလဲ တီးတိုးတီးတိုး နဲ့ မင်းသမီးကို မင်းသားရဲ့ ကြင်ယာတော်အလောင်းအလျာဖြင့် သင့်တော်ကြောင်းပြောနေကြသည်။

" ဟို..အားနာပေမဲ့.. "

တီးတိုးတီးတိုးပြောနေကြတဲ့ ခန်းမဟာ မင်းသားငယ်ရဲ့ သိမ်မွေ့လှတဲ့ အသံငယ်ကြောင့် တိတ်ဆိတ်သွားကာ အားလုံး၏ အာရုံသည် မင်းသားငယ်‌လေးဂျယ်ယွန်း ထံမှာဘဲ ကျရောက်ကုန်ကြတော့သည်။

" သူက..ဘယ်သူလဲဟင် "

" အဲ့တာက - "

မင်းသားငယ်ရဲ့ လက်ညိုးညွှန်ရာမှာ နီလာခံခန်းမရဲ့ထောင့်စွန်းတွင် နံရံကိုမှီ၍ လက်ပိုက်နေသော တစ်ကိုယ်လုံး အမဲရောင်ဝတ်စုံများသာ ဝတ်ဆင်ထားတဲ့ အသတ်ခပ်လတ်လတ် အမျိုးသားတစ်ယောက်ပင်။

The Lord Nishimura | yunkiWhere stories live. Discover now