746 - 750

126 12 0
                                    

Godly Sword System
Chapter 746 စားသောက်ဆိုင်တစ်ခုလုံး ထိတ်လန့်သွားမှု
Translated by Thura

ယန်ချီက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တယ်။ “အင်း ကိစ္စ မရှိပါဘူး”

လင်ဂျွင်နဲ့ လင်ရွှမ်းတို့နှစ်ယောက် ဒီစကားကို ကြားပေမယ့် သူတို့တွေရဲ့ မျက်နှာထက်မှာ စိုးရိမ်မှုတွေ ရှိနေဆဲပါ။

နောက်ဆုံးတော့ ဇောင်လုံမြို့မှာ ဝူမျိုးနွယ်က သူတို့ လင်မျိုးနွယ်ထက် ပိုပြီး အစွမ်းထက်တာကြောင့် ပြဿနာ တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ဖြေရှင်းဖို့ ခက်ပါတယ်။

“စီနီယာ ကျွန်တော်တို့တွေ မျိုးနွယ်ဆီ အရင်ပြန်သင့်တယ်လို့ ထင်မိတယ်”

လင်ဂျွင်က ယန်ချီကို ထပ်ပြောလိုက်တယ်။

“အင်း ကိစ္စ မရှိပါဘူး။ ကျွန်မ ဝူမျိုးနွယ် ခေါင်းဆောင်နဲ့ သိပါတယ်။ သူက ကျွန်မတို့ကို ဘာတစ်ခုမှ လုပ်ရဲမှာ မဟုတ်ဘူး”

ဘေးမှာ ရပ်နေတဲ့ မုရွှယ်အာက ရုတ်တရက် ဝင်ပြောလိုက်တယ်။

လင်ဂျွင်နဲ့ လင်ရွှမ်းတို့နှစ်ယောက်ကတော့ မုရွှယ်အာရဲ့ စကားကို ကြားတော့ မှင်သက်သွားမိတယ်။ သူတို့တွေက မုရွှယ်အာတစ်ယောက် ဒီလို စကားကို ပြောလိမ့်မယ်လို့ မထင်ထားမိပါဘူး။

မကြာမီမှာပဲ သူတို့တွေ စိတ်သက်သာရာ ရသွားခဲ့တယ်။

ဘာကြောင့် လဲဆိုတော့ သူတို့နှစ်ယောက်က ယန်ချီနဲ့ မုရွှယ်အာတို့မှာ အံ့အားသင့်စရာ ကောင်းတဲ့ နောက်ခံ ရှိနိုင်တယ်လို့ မှန်းဆမိလိုက်တာကြောင့်ပါ။

သိပ်မကြာမီမှာပဲ ဝူဖန်က ဝူမျိုးနွယ်က စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်လောက်ကို ခေါ်ပြီး ပြန်ရောက်လာခဲ့တယ်။

“မင်းတို့တွေ ဒီမှာ ရှိဦးမယ်လို့ မထင်မိဘူး ” ဝူဖန်က ယန်ချီကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။

ဝူဖန်နဲ့ ဝူမျိုးနွယ်က စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်လောက်ကို ကြည့်ပြီး ယန်ချီက ဒီလူတွေ ဘာကြောင့် နားမလည်သေးတာလဲဆိုပြီး တိတ်တဆိတ် ခါယမ်းမိလိုက်တယ်။

“မင်း ဘာကြောင့် ပြန်လာတာလဲ”

ယန်ချီက ဝူဖန်ကို မထူးခြားသလို ကြည့်ပြီး ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now