Description

2K 111 5
                                    

မင်္ဂလာဦးညတွင် သတို့သမီးကကိုယ့်ကိုကိုယ်ကြိုးဆွဲချ၊ ချောမောခန့်ညားတဲ့ခင်ပွန်းသည်ကမမာမကျန်းဖြစ်၊ ကိုယ်လုပ်တော်ကသူမရဲ့နောက်ထပ်အကောင်းဆုံးရွေ့ကွက်ကဘာဖြစ်မလဲလို့ ကျားတစ်ကောင်ချောင်းမြောင်းနေတယ်။ ရှေးခေတ်ဆီသို့ အချိန်ကူးပြောင်းလာတဲ့ရှုဟွမ်ဟာ ထိုကဲ့သို့အရှုပ်ထုတ်နဲ့ကြုံကြိုက်ခဲ့သည်။

" အမျိုးသားနဲ့အမျိုးသမီးဆိုတာအချင်းချင်းထိတွေ့လို့မရဘူး ရှင်ဒီလိုလုပ်နေတာမမှန်ဘူးနော် ဟုတ်တယ်မလား"

" ဟမ့်.. မင်းကငါနဲ့လက်ထပ်ပြီးနေပြီလေ ဒါတွေကိုဂရုစိုက်နေသေးတာလား"

" ဟို.....ဟို ဒုတိယသခင်လေး ရှင်ခုထိပြန်မသက်သာသေးဘူးလေ ကျွန်မကရှင်ကောင်းဖို့တွေးပေးတာပါ"

" ကိစ္စမရှိဘူး ဒီသခင်လေးကမင်းရဲ့ပဲပင်ပေါက်လိုခန္ဓာကိုယ်ကိုစိတ်မဝင်စားဘူး"

အိပ်စက်စဉ်တွင် သူတို့နှစ်ယောက်ကြားမှာခေါင်းအုံးတစ်လုံးစည်းခြားထားခဲ့ကြသည်။

အမျိုးသမီး: " ဟို..ဟို..."

အမျိုးသား: " အာ...မင်းဘာတွေလုပ်နေတာလဲ"

အမျိုးသမီး: " စည်းကျော်မလာနဲ့နော်"

အမျိုးသား: " ဟမ်.....?"

အမျိုးသမီး: " ရှင်စည်းကျော်လာရင် ကျွန်မရှင့်ကိုအမွှေးနံ့သာအိုးနဲ့ထုမှာ"

အမျိုးသား: " ဟမ်..."

အမျိုးသမီး: " တကယ်လို့...တကယ်လို့ ကျွန်မ မတော်တဆစည်းကျော်ခဲ့မိရင်...ရှင်မလုပ်...."

" ဟမ့်....မင်းဆက်ပြောနေမယ်ဆိုရင် မင်းအဝတ်တွေကိုဆုတ်ဖြဲပြီး မင်းပါးစပ်ထဲဆို့ထားပစ်မယ်"

" ရှင့်ကိုကျွန်မဒုက္ခပေးမှာစိုးလို့ ‌ဒီလောက်သေသေချာချာစစ်ဆေးနေရတာလား"

" မဟုတ်လို့လား ဟမ့်..တစ်ယောက်ယောက်ကဘာကြောင့်မင်္ဂလာဦးညမှာကြိုးဆွဲချပြီး သတ်သေသွားတာလဲဆိုတာကိုပဲ ငါသိချင်မိပါရဲ့"

"......"

" မင်းငါ့ကိုဒီလောက်တောင်မှမုန်းလား? ငါနဲ့မင်္ဂလာဦးညကုန်ဆုံးမဲ့အစား သေလိုက်ဖို့ဆန္ဒရှိတာလား?"











အမျိုးသမီး: " ဟို..ဟို..."



အမျိုးသား: " ဟမ်.....?"


အမျိုးသား: " ဟမ်..."





"......"


ပျော်ရွှင်မှုကိုရှာဖွေခြင်းWhere stories live. Discover now