Expensive LOVE

1.6K 128 11
                                    


အသက်အရွယ်အပိုင်းအခြား တခုကိုရောက်လာပြီဖြစ်တဲ့ ရစ်ခီက ငယ်ငယ်ကလို ဆူညံနေတဲ့သံစုံတီးလုံးတွေ၊ရောင်စုံဖြာကျနေတဲ့မီးရောင်စုံတွေ ၊ဒီဇိုင်းဆန်းဆန်းအဝတ်အစားစုံလင်တဲ့လူစရိုက်ကွဲတွေနဲ့ ဆန့်ကျင်ခဲ့ပြီးပြီ။ထိုအရာတွေနဲ့ကွာခြားလွန်းပါတဲ့ ပါတီနေရာတွေကိုသွားရောက်နေရပြီ။ဆိုးလ်မြို့ရဲ့စီးပွားဘက်ဆိုင်ရာ အသိမိတ်ဆွေတစ်ဦးရဲ့ပါတီကို ဖိတ်ခေါ်ခြင်းကြောင့် ရစ်ခီအနေနဲ့လူကြီးလူကောင်းပီသစွာ လက်ခံတက်ရောက်ဖြစ်တယ်။ငြိမ့်ငြိမ့်ညောင်းသံစဉ်တေးသွားကြား တချို့က စုံတွဲအကဖြင့်စီးမျောကြသူတွေရယ်၊ ရယ်မောကာ မိတ်ဖွဲ့ဆွေဖွဲ့ စီးပွားဆန်ဆန်စကားတို့ပြောနေတဲ့လူတွေရယ် ၊ပုဂ္ဂိုလ်ရေးအရဆွေးနွေးသူတွေလည်း ရှိနေကြတယ်။

နက်ဆွေးဆွေး အနောက်တိုင်းဝတ်စုံပြည့်ကို အောက်ခံရှပ်အနီနဲ့တွဲဝတ်ထားပြီး ဖြူဖွေးလွန်းတဲ့အသားရည်ဟာ ဆင်ဆွယ်ကျဆံနွယ်ရောင်နဲ့ တင့်တယ်လွန်းတာကြောင့် လူအများကြားထင်းရင်းနေတဲ့ ရစ်ခီ။ဝိုင်တစ်ခွက်ကို လက်ညှိုးနဲ့လက်ခလယ်ကြားညှပ်ကာ တစ်ချက်တစ်ချက် ဝိုင်တွေကို ခွက်ကြည်ကြည်ထဲ‌ဗြောင်ဆန်အောင်လှုပ်ခါနေပြန်သေးတယ်။

"ရစ်ခီ ငါ့ရဲ့ဖိတ်ခေါ်မှုကိုလက်ခံတာ ကျေးဇူးတင်မဆုံးပဲ"

ထယ်ရယ်ရဲ့စကားကို အသိအမှတ်ပြုပေးတဲ့အနေနဲ့ ခပ်ပြုံးပြုံးသာ နားထောင်ဖြစ်တယ်။

"ငါမင်းကို မိတ်ဆက်ပေးစရာရှိတယ်။

ဟော ဟိုမှာ သူတို့လာနေကြပြီ"

ထယ်ရယ်ညွှန်ပြရာအဆုံးမှာ မြင်လိုက်ရတဲ့လူကြောင့် ဝိုင်ခွက်ကိုလှုပ်ခတ်နေတဲ့လက်တွေ ငြိမ်သက်သွားရတယ်။အဝေးမှ သူ့ကိုတည်တန့်စွာကြည့်နေတဲ့ အညိုရောင်အနောက်တိုင်းဝတ်စုံနဲ့လူဟာ အမျိုးသမီးတစ်ယောက်ရဲ့လက်ဖြင့် ချိတ်တွယ်ခံထားရင်း ရစ်ခီတို့ရှိရာကိုတစ်လှမ်းခြင်းလျှောက်လာတယ်။

ပါတီခန်းမအတွင်း သံစဉ်တွေက ရစ်ခီအကြားအာရုံထဲမှာ တိတ်ဆိတ်သွားတယ်။ပါတီအတွင်းရှိနေတဲ့ လူတွေက အမြင်အာရုံထဲ တဖြေးဖြေးပျောက်ကွယ်သွားတယ်။ရစ်ခီမြင်နေတာ အညိုရောင်ရိပ်ငယ်တစ်ခုတည်းသာ။ပိုင်စိုးပိုင်နင်းရစ်ခီ့ရဲ့အညိုရောင်လေးကို တွယ်ကပ်ထားတဲ့အမျိုးသမီးကိုလည်း မည်သူမည်ဝါဆိုတာသိချင်နေခဲ့တယ်။

Expensive LOVE < ZB1 >Where stories live. Discover now