751 - 755

127 7 0
                                    

Godly Sword System
Chapter 751 အမှိုက်တွေနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်မိခြင်း
Translated by Thura

မုရွှယ်အာနဲ့ ဝူဖန်တို့နှစ်ယောက်လည်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မှင်သက်နေမိတယ်။

ဓါးသွားတစ်ထောင်မှော်ဓါးဆီကနေ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်း ထွက်ပေါ်လာလိမ့်မယ်လို့ သူတို့တွေက ဘယ်လိုလုပ်ပြီး တွေးမိမှာလဲ။

အဆင့်ငါး နတ်ဆိုးသားရဲ က သူတို့တွေနဲ့ ပေ တရာကျော် ကွာဝေးတယ်လေ။

“သွားကြစို့ ”

ယန်ချီက ပြောလိုက်တယ်။

မုရွှယ်နဲ့ ဝူဖန်တို့လည်း သတိ ပြန်ဝင်လာခဲ့ပြီး ယနချီကို လှမ်းကြည့်လိုက်တော့ ယန်ချီက သူတို့နဲ့ ပေအနည်းငယ်လောက် ကွာဝေးမှန်း သိလိုက်တော့ အနောက်ကနေ အဆောတလျင် လိုက်သွားခဲ့ကြတယ်။

“စီနီယာ နှစ်တစ်ထောင် မှော်ဆေးရည်က ချီယွင်ဒီရဲ့ တောနက်ပိုင်းမှာ ရှိတာ။ ကျွန်တော်တို့တွေ တောနက်ပိုင်းထဲ သွားကြမလား”

ဝူဖန်က မေးလိုက်တယ်။

အဲ့ဒီနောက်တော့ သူတို့သုံးယောက်က တောနက်ပိုင်းဆီကို ဦးတည် ထွက်လာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ယန်ချီ မုရွှယ်အာနဲ့ ဝူဖန်တို့ သုံးယောက်က ချီယွင်ဒီရဲ့ တောနက်ပိုင်းအထဲကို ရောက်လာခဲ့တယ်။

သူတို့တွေ ချီယွင်ဒီရဲ့ တောနက်ပိုင်းထဲ ရောက်ရှိပြီးနောက် အဖိုးအိုနဲ့ လူငယ်တွေ အဖွဲ့ကို ထပ်တွေ့လိုက်ရတယ်။

ဒါပေမယ့်လည်း ဒီအချိန်မှာတော့ အဖိုးအိုနဲ့ လူငယ်တွေ အဖွဲ့ကတော့ အခြေအနေမကောင်းပါဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့တွေကို လူတစ်စုက ဝိုင်းရံထားလို့ပါ။

“မင်း. .  မင်းတို့ ဘာလိုချင်လဲ”

အဖိုးအိုရဲ့ မျက်နှာထက်မှာ ထိတ်လန့်တဲ့အမူအယာ ပေါ်လာခဲ့ပြီး မေးလိုက်တယ်။

“ငါတို့တွေက ဘာမှ မလိုချင်ဘူး။ မင်းတို့တွေကိုပဲ သတ်ချင်တာ”

ဝိုင်းရံထားသူတွေထဲမှ တစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now