30 7 5
                                    

ရေချိုးခန်းကထွက်လာပြီးနောက် ခါးကိုလာဖက်တဲ့လက်တစ်စုံကြောင့် နည်းနည်းစိတ်ပျက်မိသွားတယ်။ဒါပေမဲ့ အတတ်နိုင်ဆုံးပြုံးကာ အနောက်ကိုလိုက်ကြည့်တဲ့အခါ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့အစ်ကိုရဲ့မိန်းမကိုတွေ့လိုက်တယ်။သူမက အထုပ်လေးကို စားပွဲပေါ်ကို တင်ပြီး
"ဒီနေ့မလေ အိမ်ကလူအတွက်ရေမွှေးဝယ်လာတာ မောင့်အနံ့ပဲ မောင့်အနံ့လေးတွေ အိမ်မှာ မွှေးနေအောင်လို့"
သူပြုံးပဲပြလိုက်တယ်။ထိုမိန်းမကသူ့ပါးကိုနှုတ်ခမ်းနဲ့လာထိတယ်။ထိုမိန်းမရဲ့ ရေမွှေး‌နံ့တွေက ခေါင်းမူးမတတ်ဘဲ
ရေမွှေးဆွတ်တာ အဲ့လောက်လိုလို့လား။ထို့နောက်
ဖုန်းထဲက ဓာတ်ပုံတစ်ခုကိုပြပြီး

"ဒီတစ်ယောက်အတွက်ရောမဝယ်ခဲ့ဘူးလား"

သူမေးတော့

"မောင်ကလည်း မအဲ့လိုတွေရှုပ်ပေမဲ့ မောင်ကပဲ အတည်လေကွာ"
ဟုပြောပြီး သူ့ကိုပါ ကုတင်ပေါ်ဆွဲ‌တင်နေတယ်။
ဒီလိုမူယာမာယာများပြီး စိတ်ရှုပ်ဖို့ကောင်းတဲ့ဒီမိန်းမဆီမှာ အစ်ကိုဘယ်လိုသာယာမှုကိုများ ‌ရှာတွေ့ခဲ့လို့ လက်ထပ်ယူခဲ့ရတာလဲ ဆိုတာ နားမလည်နိုင်အောင်လောက်ပဲ
ပြီးတော့

"အိမ်ကလူ‌ကိုလည်း မ ကွာတော့မှာ ခဏပဲစောင့်နော် မက မောင့်ကိုပဲချစ်တာ"

သူကျေနပ်သွားမိသည်။နောက်ဆုံးတော့ သူလိုချင်တာ ရတော့မယ်လေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်လလောက်ကြာတဲ့အခါမှာ ထိုမိန်းမနဲ့နေရတာ အတော်ကိုစိတ်ပျက်နေမိပြီ။ဒါပေမဲ့ သူ‌ထင်တာမမှားရင်
ဒီနေ့မဟုတ်လား ဒါကြောင့် ခဏလေးပဲဆိုပြီး စိတ်ကိုသည်းခံနေရင်း ရေချိုးခန်းထဲက သူချစ်ရတဲ့အစ်ကိုရဲ့မိန်းမက ထွက်လာလေသည်။

အိမ်ရှေ့ဘဲလ်သံကြားတော့ မျက်လုံးတွေအရောင်တောက်သွားမိသည်။ အပြေးလေးတံခါးကိုဖွင့်တော့ သူ့မိန်းမရဲ့ လင်ငယ်ကို ထိုးမလို့လုပ်တဲ့အစ်ကိုဟာ ကျွန်တော့်ကိုမြင်တာနဲ့ လန့်သွားတဲ့ပုံပါပဲ။

"မဟုတ်ဘူးမလား ငါမေးတာဖြေစမ်း"

ဟုကျွန်တော့်အင်္ကျီကော်လံစကိုလာဆွဲတဲ့အစ်ကို့ကို
ကြည့်ရတာ တော်တော်အံ့ဩနေပုံ။

"ဝင်ခဲ့ပါဦး အိမ်ထဲ ကျွန်တော်တို့စကားပြောရအောင်လေ"
ဟု ပြောတော့
ဆိုဖာခုံပေါ်သွားထိုင်နေတဲ့အစ်ကို့ကို

"ညနေစာချက်ထားတယ် တစ်ခါတည်းဝင်စားလိုက်တော့" လို့ပြောတဲ့အခါမှာ ကျွန်တော့်ကိုငြင်းဆန်လို့မရဘူးဆိုတာသိတဲ့အတိုင်း ထမင်းစားပွဲမှာ ဝင်ထိုင်တဲ့အစ်ကို
သူ့မျက်လုံးထဲမှာတော့ လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော့်ကိုလမ်းခွဲခဲ့တာကို နောင်တရနေတဲ့ပုံအားနာ‌တဲ့‌နေပုံပေါ်နေ‌လေသည်။ဒါဟာ ကျွန်တော့်ရဲ့ လက်စားချေမှုသပ်သပ်ဆိုတာလည်းရိပ်မိပုံပါပဲ
ထမင်းပန်းကန်ထဲ ဟင်းထည့်ပေးလေတော့
တစ်လုတ်စာ ကွက်တိ လှီးဖြတ်ထားတဲ့အသားတုံးကိုယူပြီးစားလေသည်။

"ကောင်းရဲ့လား"ဟုမေးတော့ အစ်ကိုက ခေါင်းငြိမ့်ပြလေသည်။ တိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွင်းတဲ့အနေနဲ့

"သစ္စာမရှိ ဖောက်ပြန်တတ်တဲ့ အစ်ကို့မိန်းမကို မေ့ပစ်ပြီး
ကျွန်တော်နဲ့ပြန်တွဲရအောင်လေ"

"ဒါဆိုငါ့မိန်းမကရော"

အစ်ကိုဟာတုံးအသည်။သူ့မိန်းမ သူ့ရှေ့ကပန်းကန်ထဲရှိနေတာကိုမမြင်ဘဲ သူ့မိန်းမကိုမေးလေသည်။
                      ×××××××××××××

ဒါလေးကတော့ fb ပေါ်ကတွေ့ခဲ့တဲ့ short story လေးကို သဘောကျလို့bl အဖြစ်ပြန်ရေးခဲ့တာပါ ဒါကြောင့်မို့ Creditအပြည့်အဝပေးပါတယ်

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jun 05, 2023 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

A dinner with my ex boyfriendWo Geschichten leben. Entdecke jetzt