ရက်စွဲ(၃၃)

360 21 2
                                    

"ကိုယ်တစ်နေ့တော့ မင်းပြောနေတဲ့ မင်းတို့မြို့လေး ရောက်အောင်သွားအုန်းမယ်"

"တကယ်နော်"

"အော် ခုတော့မဟုတ်သေးဘူးပေါ့ကွာ၊ တစ်နေ့နေ့တစ်ချိန်ချိန်ပေါ့"

"အစ်ကို လာပြီးရင်ပြန်ချင်မှာတောင်မဟုတ်တော့ဘူးနော့"

အစ်ကို့ပြောပုံလေးမှာ အပြုံးလေးက ခပ်မှိန်မှိန်လေး ပါဝင်နေသည်။ အစ်ကိုက အင်မတန်မှ ဟန်ဆောင်ကောင်းလွန်းသည်ဟုထင်မိပါသည်။ အရမ်းရယ်ပစ်လိုက်ချင်ရင်တောင် စိတ်လွတ်ကိုယ်လွတ်မရယ်ဘဲ ခပ်ယေးယေးသာ ပြုံးသည်။ ပြီးတော့ စိတ်ခံစားချက်အတော်များများကိုလဲ ထိန်းချုပ်လွန်းလှသည်။ အင်းပေါ့လေ သူက လူကြီးမို့ထင်ပါရဲ့။ စူးကျယ်အောင်လဲ အစ်ကို့လိုအသက်ကြီးလာလျှင် အစ်ကိုနှင့်ပုံစံတူပင်ဖြစ်နိုင်ကောင်းပါရဲ့။

"ဟေ့ရောင်၊ ဘာတွေငိုင်နေတာလဲ ၊ လာသွားမယ် မိုးကောင်း"

တွေးလက်စ အတွေးတို့ပင် ရပ်တန့်သွားရသည်။

"ဘာသွားလုပ်ဖို့လဲ"

"နေရတာ ပျင်းစားတာကြီး၊ အဲ့တာကြောင့်ပါအေ့၊လုပ်လုပ် အဝတ်စားလဲ အုန်းမှာလား"

"အေး"

အဒီးတို့စီးပွါးရေးမှာ အနည်းငယ် ပြန်လည်ထူထောင်လာရသည်။ ထို့ကြောင့်လဲ အိမ်စီးဖို့ကားပြန်ဝယ်မည်ဟု ဆုံးဖြတ်ရာတွင်လဲ ကားမဝယ်ဘဲ ဆိုင်ကယ်အကောင်းစားတစ်စီးသာ ဝယ်ဖြစ်ခဲ့ကြသည်။အက်ခေါင်နှင့် အဒီးအမေ တို့မှာ အိမ်စီးကားတော်ရုံ မစီးဖြစ်ကြ။ အက်ခေါင်ကတော့ သူ့ကုန်ကားနှင့်သာ အချိန်ကုန်ရပြီး အဒီးအမေကတော့ ဒီမြို့ကျဉ်းကျဉ်းလေးကလွဲပြီး သွားစရာမရှိ။ ပြီးတော့ အဒီးလဲ လူပျိုလုံးလုံးဖြစ်လာပြီ ဖြစ်သောကြောင့် ဆိုင်ကယ် ခပ်ကောင်းကောင်းလေး တစ်စီး ဝယ်သင့်သည်ဟု ဆုံးဖြတ်ကြကာ ဝယ်လိုက်ကြခြင်းဖြစ်သည်။ ခုတော့ ဆိုင်ကယ်အသစ်နှင့် နှစ်ယောက်အတူ မိုးကောင်းသို့ ဘာရယ်မဟုတ် ထွက်ခဲ့ကြပြီ။

ချိုင့်ဝှမ်းအနည်းငယ်ကိုရှောင်ကျဉ်ပြီး ဆိုင်ကယ်လေးက ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နှင့်။ ဆိုင်ကယ်ပုံစံမှာ ဗိုက်ဖောင်းဖောင်း ဖင်သေးသေးဖြစ်သောကြောင့်နောက်မှ စီးရသူ စူးကျယ်အောင်အဖို့ နေရာကျဉ်းလှပါသည်။ ထို့ကြောင့်လဲ အဒီးနှင့် လိုအပ်သည်ထက်ပိုပူးကပ်မိသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now