756 - 760

117 9 0
                                    

Godly Sword System
Chapter 756  နဝမအဆင့်ကို အောင်မြင်ခြင်း
Translated by Thura

“အကျိုးကျေးဇူးက ဘာတွေလဲ”

ယန်ချီက ကြယ်မြစ်ဓါးနတ်ဆိုးကို ကြည့်ပြီးမေးလိုက်တယ်။

ယန်ချီရဲ့ စကားကြောင့် ကြယ်မြစ်ဓါးနတ်ဆိုးလည်း ပြုံးပြီး ပြန်ပြောလိုက်တယ်။ “ငါတို့ ဓါးနန်းတော်က ဒီလောကမှာ အစွမ်းအထက်ဆုံ ဂိုဏ်းတစ်ခုပဲ။ ငါ မင်းကို တံဆိပ်ပြားတစ်ခုပေးလိုက်မယ်။ မင်းက ဓါးနန်းတော်ထဲ ရောက်သွားမယ်ဆိုရင် ချက်ချင်းကို ဓါးနန်းတော်မှာ ရှိတဲ့ တောင်ထိပ်တစ်ခုရဲ့ သခင် ဖြစ်လာလိမ့်မယ် . .”

ကြယ်မြစ်ဓါးနတ်ဆိုးရဲ့ စကားတွေကို ကြားောတ့ ယန်ချီရဲ့ မျက်နှာထက်မှာ ပျင်းရိတဲ့ အမူအယာ ပေါ်လာခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ သူက မည်သည့် တောင်ထိပ်သခင်မှ မလုပ်ချင်တာ။

ကြယ်မြစ်နတ်ဆိုးလည်း ယန်ချီရဲ့ မျက်နှာပေါ်က ပျင်းရိနေပုံရတဲ့ အမူအယာကို မြင်တော့ ဆက်ပြောလိုက်တယ်။

“ငါတို့ ဓါးနန်းတော်မှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ဖြစတဲ့ သွေးသောက်မှော်ဓါးရှိတယ်”

“ကောင်းကင်အဆင့် အဆင်မြင့် စိတ်ဝိဉာဉ်လက်နက် သွေးသောက်မှော်ဓါးလား”

ယန်ချီက စိတ်ဝင်စားဖို့ ကောင်းလာပြီလို့ တွေးလိုက်မိတယ်။

“စီနီယာ အဲ့ဒါဆိုရင် တံဆိပ်ပြား ကျွန်တော်ကို ပေးလေ”

ယန်ချီက အချိန်ရမယ်ဆိုရင် ဓါးနန်းတော်ကို တခါလောက် သွားလည်ဖို့ တွေးထားခဲ့တယ်။

ချက်ချင်းပင် ကြယ်မြစ်နတ်ဆိုးက ယန်ချီကို တံဆိပ်ပြားပေးလိုက်တယ်။

တံဆိပ်ပြားက အလွန်တရာ ရိုးရှင်းတဲ့ တံဆိပ်ပြားတစ်ခု ဖြစ်ပြီး အလွန်တရာကိုလည်း ရှေးကျလှပါတယ်။

ယန်ချီက တံဆိပ်ပြားကို ယူလိုက်ပြီးနောက် အိပ်ကပ်ထဲ ထည့်သိမ်းလိုက်တယ်။

“ကံကြမ္မာက သတ်မှတ်ထားတဲ့ လူငယ် နောက် အနာဂတ်ကျရင် မင်း ဒီထက်ပိုပြီး အစွမ်းထက်လာလိမ့်မယ်လို့ မမျှော်ထားမိတယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now