761 - 765

115 9 0
                                    


Godly Sword System
Chapter 761 အရမ်းကို နောက်ကျသွားပြီး
Translated by Thura

ရှင်းယွင်သိုင်းပညာကျောင်းမှာ ရှိနေကြသူတွေတိုင်း အံ့ဩမှင်သက်သွားကြတယ်။ သူတို့အားလုံးက ခေါင်းကိုက်လုမတက် စဉ်းစားကြပေမဲ့လည်း ယန်ချီက ရယ်မောနေဦးမယ်လို့ မထင်ထားကြပါဘူး။

“ယန်ချီက သေရမှာ မကြောက်ဘူးလား”

“သူက ဓါးနတ်ဘုရားနန်းတော်ဆိုတာကို မကြားဖူးတာလား”

“ကြည့်ရတာတော့ မင်းက ငါတို့ကို ဒူးသုံးကြိမ်ထောက်ပြီး မတောင်းပန်ချင်ဘူးနဲ့တူတယ်”

ဓါးနတ်ဘုရားနန်းတော်ရဲ့ စိတ်ဝိဉာဉ်ပညာရှင်တစ်ယောက်က ယန်ချီကို အေးစက်စက် မေးလိုက်တယ်။

ယန်ချီကတော့ ဘာအမူအယာမှ ပြောင်းလဲခြင်းမရှိပဲ သူ့ကိုစကားလှမ်းပြောလိုက်တဲ့ ဓါးနတ်ဘုရားနန်းတော်ရဲ့ စိတ်ဝိဉာဉ်ပညာရှင် ကို မထူးခြားသလို အမူအယာနဲ့ ကြည့်ပြီး ပြောလိုက်တယ်။

“မင်းကို တိုက်ခိုက်ဖို့အတွက် လက်ချောင်း တစ်ချောင်းပဲ လိုတယ်”

သူက သူ့အရှေ့မှာ ရှိတဲ့ ဓါးနတ်ဘုရားနန်းတော်ရဲ့ စိတ်ဝိဉာဉ်ပညာရှင် ကို ကြည့်ပြီး ပြောလိုက်တယ်။

ဒီစကားကို ကြားတဲ့ ရှင်းယွင် သိုင်းပညာကျောင်းတော်မှာ ရှိနေကြသူတွေတိုင်း ယန်ချီ ဆိုလိုချင်တာကို နားမလည်ခဲ့ကြပါဘူး။

“မင်းက ဘာကို ပြောချင်တာလဲ”

ဓါးနတ်ဘုရားနန်းတော်ရဲ့ စိတ်ဝိဉာဉ်ပညာရှင် က ယန်ချီကို ကြည့်ပြီး အေးစက်စက် မေးလိုက်တယ်။

“အဓိပ္ပါယ်ကတော့ ရိုးရှင်းပါတယ်။ လက်ချောင်း တစ်ချောင်းထဲနဲ့ မင်းကို အနိုင်တိုက်မယ် ပြောတာပဲ” ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ ဓါးနတ်ဘုရားနန်းတော်ရဲ့ စိတ်ဝိဉာဉ်ပညာရှင်ကို ကြည့်ပြီး  ပြောလိုက်တယ်။

“ဘာ. . .. . ”

ဒီစကားကို ကြားတော့ လူတိုင်းက အလွန်တရာ အံ့ဩမှင်သက်သွားကြတယ်။ ယန်ချီက ဒီလို စကားကို ပြောလိမ့်မယ်လို့ သူတို့တွေ ထင်မထားမိဘူးလေ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now