Return

1.5K 53 9
                                    

SOTF အတွက် ဝယ်လို့ရသေးလားမေးသူတွေရှိလို့ ဖြေပေးပါမယ်နော်။ နောက်အပတ်ထဲလောက်စာအုပ်တွေ ရောက်တော့မှာပါ။ Instock တစ်ချို့ချန်ထားတာမို့လို့ စာအုပ်ရောက်တဲ့အခါ choyee6 page မှာ တင်ပေးပါမယ်။ အဲ့ဒီကနေမှာလို့ရပါတယ်။ Gift အပြည့်အစုံပါမှာပေမယ့် ဂျပ်ဖာတော့မပါပါဘူး။ ဈေးနှုန်း 13000 (Prepaid) ပါ။

နောက်တခုက SOTF ကို ပြန်မတင်တော့ဘူးလို့ပြောထားပါတယ်။ အခု instock ရောင်းမယ်ဆိုတော့ စာအုပ်ရောင်းရချင်လို့ wp မှာကျတော့ un ထားတယ်ဆိုတဲ့ စကားတွေကိုမကြားချင်ပါဘူး။ ဒါကြောင့် ပြန်တင်ပေးပါမယ်။ Noti တက်တာအနှောင့်အယှက်မဖြစ်အောင် တစ်ရက်ငါးပိုင်းနှုန်းနဲ့မကြာခင် တင်ပေးပါမယ်။ အပိုင်းအကုန်တင်မှာမို့ တချို့မလိုတာတွေလဲပါလာမှာပါ မတင်ရင်မန့်တွေကိုဖတ်မရလို့ ။

ထပ်ဆောင်းပြီးပြောပါမယ်။ SOTF မှာ ဇတ်ကောင်ရော ဇတ်အိမ်ပါ ဆဲရလောက်တဲ့အရာတခုမှမပါဘူး။ "စောက်" ဆိုတဲ့စကားကိုတွင်တွင်သုံးပြီး ကိုယ်ရိုင်းစိုင်းကြောင်းသက်သေမထူပါနဲ့။ စိတ်အခန့်မသင့်လို့၊ ဘဝင်မကျလို့ SOTF ကိုရော ဇတ်ကောင်ကိုပါ သဘောမကျတာမျိုးကို လွတ်လပ်စွာလုပ်နိုင်ပါတယ်။ လွတ်လပ်စွာလုပ်နိုင်တယ်ဆိုတာ ဆဲဆိုတာမျိုးကိုဆိုလိုတာမဟုတ်သလို သူများတယုတယနဲ့မွေးမြူထားတဲ့ဇတ်ကောင်အပေါ်၊ ဆဲရလောက်အောင်ရှိမနေတာမျိုးအပေါ် လာဆဲဆိုရိုင်းနေဖို့တော့ သင်တို့မှာအခွင့်မရှိဘူး။ စွဲကပ်နေတဲ့အကျင့်ဆိုးကြီးလို ဆဲဆိုတာမျိုးက သင့်ကို smart လဲမဖြစ်စေဘူးလေ။ စကားကောင်းကောင်းပြောတာက ဒီနေရာမှာရပ်တန့်သွားပြီမို့ ပြန်တင်ပေးပြီးတဲ့နောက် ထပ်တွေ့ရရင် နှစ်ပြန်ပြန်ပြောမှာမို့ အဲ့ဒီတော့မှစာရေးသူက ရိုင်းတယ်မထင်နဲ့ပေါ့။

Zawgyi




 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now