ပြီးဆုံးပြီလား

49 3 4
                                    

Next day

ဂျောင်ဝူးတစ်ယောက် မနက်ထလာကတည်းက စိတ်က မကြည် မဖြစ်နိုင်တာသိပေမဲ့ အရာအားလုံးက လုပ်ယူထားသလိုခံစားနေရတယ် တစ်မျိုးပဲ

ခံစားချက်တွေအကုန် လျစ်လျူရှုကာကျောင်းကိုပဲသွားလိုက်တယ်

အခန်းထဲရောက်တော့ ပုံမှန်ထိုင်နေကြ မဟုတ်ဘဲ မက်သရူးဘေးတွင် ရစ်ခီရောက်နေ၍ ဂျောင်ဝူးဘေးတွင်တော့ ဂျီဝန်းရောက်နေသည်

ပုံမှန်အားဖြင့် မက်သရူးနှင့် ဂျောင်ဝူးတို့ တူတူထိုင်ကြသည်မို့ အခုတော့ ရစ်ခီဘေးတွင် မက်သရူး ၊ မက်သရူးဘေးတွင် ဂျောင်ဝူး၊ ဂျောင်ဝူးဘေးတွင် ဂျီဝန်း ဖြင့် အစဉ်လိုက်ထိုင်ရတော့မည် ဖြစ်သည်

'တင်းတောင်'

တစ်ဖက်က ဂျီဝန်းဟျောင်က အသံပြုလာသည်မို့ လှည့်ကြည့်မိရာ ဂျီဝန်းဟျောင်က ပြုံးစိစိနှင့် ကြည့်နေလေတော့

ဂျောင်ဝူးသေချာချင်သော‌ကြောင့် အရဲစွန့်ပြီးမေးကြည့်မိသည် သူက ဖြစ်ပျက်ထားတာတွေ ဘာမှမမှတ်မိဘူးမဟုတ်ပါလား

"ဟျောင်း ကျွန်တော်တို့က ဘာတွေလဲ"

"ဂျောင်ဝူးရား"

တကယ့်တကယ် အဲ့လိုခေါ်သံကြားရတော့ သူလည်းဆက်မမေးချင်

" ဘာမှမပြောဘဲနဲ့ ဒီတိုင်း သူငယ်ချင်းလိုပဲ နေရအောင် ဟျောင်းး" အတတ်နိုင်ဆုံးသက်တောင့်သက်သာဖြစ်အောင် ဂျီဝန်းစကားကိုဖြတ်ပြောမိသည် သူနားလည်မှာပါ

"....."

"ကဲ အာရုံစိုက် ကလေးတို့ ဒီနေ့ ဒီကို ကျောင်းသူသစ် ရောက်တယ် လာ သမီး ဒါရာ နှုတ်ဆက်လိုက်"

တော်သေးတာပေါ့ ဆရာမဖြတ်ပြောလို့ အနေခက်နေတာကြီး ပျောက်သွားတာ ဟုတွေး၍ပဲ သက်ပြင်းချလိုက်မိသည် ထိုသက်ပြင်းက ကြာကြာမခံလိုက်

"ဟေးးးးးး ငါက ကျောင်းသူသစ်ဆိုပေမဲ့ မနှစ်ကတည်းက တက်တာလေ ငါ့နာမည်ကအီဆူဂျီနော် ကလေးတွေ ဟားးဟားး"

"ဟ ဆူညံနေတာပဲ ပါးစပ်ပိတ်ထားပေးပါလား"
ဂျောင်ဝူးအော်လိုက်သော်လည်း တစ်ယောက်မှ မကြား မဟုတ်ဘူး သူအော်လိုက်သလိုတောင် ဖြစ်မနေဘူး ဘာကြီးလဲ

"ဟဲ့ အဲ့ ဒါရာက မနှစ်က အတိုင်းပဲနော် ထ ထအော်တဲ့ အကျင့်က မပျောက်ဘူး သူမရှိဘဲ အေးချမ်းနေတဲ့ ငါ့ဘဝထဲ သူဝင်လာပြီ ဂျီဟဲရေ ရှေ့လျောက် နားငြီးသေလိမ့်မယ် ထင်တယ်"

"ဟုတ်တယ် မင်ဂျီရာ"

အခန်းထဲရှိ ဂျီဟဲတို့အဖွဲ့မှာ မူ ဆူဂျီကို သိပ်မကြည် သလို တစ်တန်းလုံးလည်းမကြည်

"ကဲ ငြိမ်ငြိမ်နေကြ သွား ဆူဂျီလေး သွားထိုင်ချည်"

ဆရာမက ဆူဂျီ့ကို အမွမ်းတင် ပြောနေလေတော့ အတန်းထဲက သိပ်မကျေနပ်

ဒါကို ဆူဂျီက လျစ်လျူရှုကာ

"ဟုတ်ကဲ့ ချယ်"

ဆူဂျီဆိုသူမှ အတန်းထဲဝင်၍ ဂျောင်ဝူးရှေ့တွင် ရပ်လိုက်ပြီး

"ဟယ်လို နင့် နာမည် ဂျောင်ဝူးမလား ငါ့ကို နေရာဖယ်ပေး"

"ဟမ်" ဂျောင်ဝူး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကာမေးလာသည်မို့ မင်ဂျီ က ဝင်ကာ ဂျောင်ဝူးရှေ့သို့သွားရပ်၍ ပြောလေသည်

"ဟဲ့ ဂျောင်ဝူးက သူ့ခုံနဲ့ သူလေ ပြီးတော့လည်းအဲ့နားမှာ ယောင်္ကျားလေးပဲ ထိုင်ရတာလေ "

မင်ဂျီ ဝင်ပြောလိုက်တော့ ဆူဂျီက

"ငါပြောနေတယ်လေ ဖယ်ပေးလို့"

ပြောပြောဆိုဆို မင်ဂျီကို ဆွဲတွန်းလိုက်ပြီး ဂျောင်ဝူး ခုံကို လက်နဲ့ ထု၍ပြောလေသည်

ပြောလို့မှ မဆုံးသေး ဆရာမကပါ

"ဟဲ့ ကလေးတွေ တိတ်စမ်း ဂျောင်ဝူးနေရာ ဖယ်ပေးလိုက် " ဟု ဂျောင်ဝူးကို အော်ပြန်သည်

ဂျောင်ဝူးမှာ မျက်လုံးတွင် အရည် ကြည်များ ဝေ့ဝဲ လာလျက် "ဟုတ်ကဲ့ တီချယ်" ဟုပြောကာ နေရာဖယ်ရတော့သည်

ဂျောင်ဝူးတကယ်နားမလည်နိုင်ပါ သူ့စိတ်နဲ့ဆို ဆူဂျီဆိုလားဘာလားကို လက်ပါပြီးနေပေမဲ့ သူက မျက်ရည်ဝဲတယ်ဆိုတာမဖြစ်နိုင်တာကြီး

"မတရားဘူးလေ ချယ် ဂျောင်ဝူးက အခု မိန်းကလေးဘက်ခြမ်းသွားထိုင်ရတော့မှာလားချယ်ရဲ့ " မင်ဂျီကဝင်ပြောလေသည်

"တင်းတောင်" ထိုအချိန်တွင် ခေါင်းလောင်းထိုးသံ မြည်လာလေသည်

"ကဲ အားလုံးမတ်တပ်ရပ်"

/////////////////////////////////////////////////////////////////

Update နောက်ကျသွားလို့တောင်းပန်ပါတယ်ရှင့် မေဇွန်က tutorial လေးတွေနည်းနည်းများနေလို့ပါ ဟီး"

I Don't Wanna Hurt You Where stories live. Discover now