မနိုးပါစေနဲ့ မိုးရယ် {one short}

621 45 5
                                    

"Ya Sung HanBinnnnn"

"အခုထွက်လာတဲ့ သီချင်းနဲ့ လိုက်ဖတ်တဲ့ အဆွေး vibe လေးနဲ့ ကြည့်စမ်းပါဦး"

"အလှလေးက လှနေတုန်းပါပဲကွာ"

"ဒါပေမယ့် ဒီတစ်ခါ ဟန်ဘင်းနီကိုကြည့်ရတာ တစ်ခုခုလိုအပ်နေသလိုပဲ"

"မသိဘူး မသိဘူး ဟန်ဘင်းနီ ချောနေတာပဲသိတယ်"

အမျိုးမျိုးသော ကောင်မလေးများ၏ အော်ဟစ်သံများ လေဟုန်တခွင် တစ်ယောက်တစ်ခွန်းဖြင့် ကျယ်လောင်နေသည်။

"လေးခွေမြောက် တေးစီးရီးအတွက် ဂုဏ်ပြုပါတယ် အစ်ကို" ‌နှင်းဆီပန်းစည်း‌လေးကမ်းကာ ယူဂျင်းမှ ဆိုလာသည်။

"ကျေးဇူးပါ ယူဂျင်းနီ"

"ဂုဏ်ပြုပါတယ်နော် အစ်ကို"

"ကျွန်တော်ကောပဲ"

"ကျေးဇူးပါကွာ ငါ့ညီလေးတို့" ဆိုလာသော ဂယူဘင်း နှင့် ဂွန်းဝုတို့ကိုလည်း ဟန်ဘင်းမှ အပြုံးပန်ဆင်ကာ တုံ့ပြန်လိုက်သည်။

"အစ်ကို စင်ပေါ်တက်လို့ရပါပြီ" မန်နေဂျာ ကောင်မလေးတစ်ယောက်မှ ဟန်ဘင်းနားကပ်ကာဆိုလာသည်။

လေးခွေမြောက် တေးစီးရီးမိတ်ဆက်ပွဲအတွက် မေးခွန်းများ‌မေးရန် အဆင်သင့်ဖြစ်နေကြသော မီဒီယာသတင်းသမားနှင့်အတူ အပြင်ဘက်မှာ အော်ဟစ်ကဲနေကြသော ပရိတ်သတ်များမှာ ဟန်ဘင်း၏ အမေးအဖြေစကားများကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေကြသည်။

*ဖလပ် ဖလပ်* မီဒီယာသမားများသည် စင်နောက်မှ ထွက်လာသည်နှင့် ဟန်ဘင်း၏လှုပ်ရှားမှုတိုင်းကို အမိအရ ဓာတ်ပုံရိုက်ယူနေကြသည်။

"မင်္ဂလာပါ ဒီနေ့ပွဲကို လာရောက်ချီးမြှင့်ပေးကြတဲ့ ဒီကမီဒီယာသမားများနှင့်တကွ အပြင်မှာ ရပ်စောင့်နေကြတဲ့ ပရိတ်သတ်တွေကော ကျွန်တော့်ပွဲကို တက်ရောက်ဖို့ အခွင့်မသာကြတဲ့ ပရိတ်သတ်တွေကော နိုင်ငံအရပ်ရပ်က ပရိတ်သတ်တွေကော ကျွန်တော်က ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ချင်ပါတယ်"

*ဖလပ် ဖလပ်*

$&#&$@#$?$&##

မီဒီယာသမားများနှင့် ဟန်ဘင်း အမေးအ‌ဖြေလုပ်လာရင်း နောက်ဆုံးသော မေးခွန်းကိုမေးရန် သတင်းထောက်တစ်ဦးက ထဆိုလာကာ

မနိုးပါစေနဲ့ မိုးရယ် {one short}Opowieści tętniące życiem. Odkryj je teraz