766 - 770

120 11 0
                                    

Godly Sword System
Chapter 766 အဆင့်ခုနှစ် နတ်ဆိုးသားရဲ
Translated by Thura

ဓါးတစ်ချက် . . ဓါး တစ်ချက်လောက် ဝှေ့ယမ်းလိုက်တာနဲ့ ရာချီသော နတ်ဆိုးသားရဲတွေ အားလုံး သေဆုံးကုန်ကြတယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဒီမြင်ကွင်းကို ကြည့်ပြီး အဆင့်ခြောက် နတ်ဆိုးသားရဲလည်း ဝိဉာဉ်လွင့်ထွက်သွားမတက် ကြောက်လန့်နေခဲ့တယ်။

သူက ခေါင်းကိုက်လုမတက် စဉ်းစားပေမဲ့လည်း ယန်ချီကို ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ ထင်မထားမိပါဘူး။

“လူသား မင်း . .  မင်း. . .”

ဒီအချိန်မှတော့ အဆင့် ခြောက်နတ်ဆိုးသားရဲလည်း စကားကို ဆုံးအောင်မပြောနိုင်တော့ပဲ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေခဲ့တယ်။

“မင်း ကြောက်နေတာလား”

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အဆင့် ခြောက်နတ်ဆိုးသားရဲ ကို ကြည့်ပြီး ပြောလိုက်တယ်။

တကယ်တမ်းလည်း အဆင့် ခြောက်နတ်ဆိုးသားရဲ က အလွန်ကို ကြောက်လန့်နေခဲ့တယ်။ သူ့အနေနဲ့ သံနံရံကြီးကို ကန်မိပြီးဆိုတာ သိလိုတယ်။

သူ့စိတ်ထဲကနေ အလွန်တရာကို နောင်တရနေခဲ့တယ်။ ယန်ချီသာ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာ သိခဲ့မယ်ဆိုရင် သူ့အနေနဲ့ ယန်ချီကို ပြစ်မှားမိမှာ မဟုတ်ပါဘူး။

အခုတော့ နောက်ကျသွားခဲ့ပါပြီး။

စိတ်ဝိဉာဉ်ကုန်းမြေမှာ နောင်တဆိုတဲ့ အရာကို ကုသဖို့ ဆေးမရှိပါဘူး။

“ငါ ..  ငါ တတယ်ကို ကြောက်လန့်နေတယ်”

အချိန်အတော်ကြာပြီးနောက်မှာ အဆင့် ခြောက်နတ်ဆိုးသားရဲက ယန်ချီကို ပြောလိုက်တယ်။

အဆင့် ခြောက်နတ်ဆိုးသားရဲ ရဲ့ စကားကို ကြားပြီးနောက် ယန်ချီက ကူကယ်ရာမဲ့စွာ ရယ်လိုက်မိတယ်။

“မင်းကြောက်နေတယ်ဆိုမှတော့ ငါ မင်းကို ပြောစရာ ရှိတယ်” ယန်ချီက အဆင့် ခြောက်နတ်ဆိုးသားရဲကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “စိတ်ဝိဉာဉ်ကုန်းမြေမှာ ရှိတဲ့ မည်သူမဆို ကြောက်လန့်တက်ကြတယ်။ မကြောက်ရွံ့တက်တာ တမျိုးပဲ ရှိတယ်။ အဲ့ဒီသူကတော့ သေတဲ့လူပဲ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now