non-vampire

286 28 0
                                    

Uni

အသက်၈နှစ်အရွယ်ကောင်လေးကသူ့အရှေ့မှာစာရွက်နှစ်ရွက်ပေါ်အပြန်အလှန်လက်မှတ်ရေးထိုးနေကြတဲ့လူနှစ်ယောက်ကိုကြည့်နေသည်။

"ခုချိန်ကစပြီးမင်းနဲ့ငါလုံးဝပက်သက်စရာအကြောင်းမရှိတော့ဘူး "

"ဟက် ကျွန်မဘက်ကတစ်ရာ ရာခိုင်နှုန်းပဲကလေးကိုရှင်နဲ့ထားခဲ့မယ် "

"မင်းကလေးမင်းခေါ်သွားငါမလိုချင်ဘူးရှုပ်ရှုပ်ယှက်ယှက်တွေ "

"ရှင့်အငယ်အနှောင်းတွေသဘောမကျမှာစိုးလို့မလား"

"မင်းလင်ငယ်လဲသဘောမကျလို့မလိုချင်တာမလား ဒီကလေးကမင်းမွေးထားတာမင်းခေါ်သွား"

"ကျွန်မတစ်ယောက်ထဲမွေးလို့မရဘူးရှင်နဲ့လဲသက်ဆိုင်တယ် "

ကွာရှင်းပြတ်စဲပြီးခါစလင်မယားနှစ်ယောက်သည်ရှေ့နေအရှေ့မှာပင်အချင်းများနေကြသည်။နံရံထောင့်ကထိုင်ခုံမှာထိုင်နေတဲ့ကလေးကသူတို့ကိုအသက်မဲ့နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်။အမွှေးပွteddyရုပ်ကိုပွေ့ပိုက်ထားပြီးမပြုံးမရယ်မျက်နှာကခံစားချက်တို့ကင်းမဲ့နေလေသည်။လင်မယားနှစ်ယောက်ကသူတို့ကလေးကိုသူယူငါယူနှင့်အငြင်းပွားနေသည်။နောက်ဆုံးရှေ့နေကကြားထဲကဝင်ရောက်ဆုံးဖြတ်ပေးလိုက်တယ်။ကလေးကိုအဖေနဲ့နေတာပိုပြီးကောင်းသည်ဟုဆိုတာကြောင့်အဖေကလက်ခံလိုက်ရသည်။

ကွာရှင်းပြီးတဲ့အမျိုးသမီးဟာသူမ၏အဝတ်အစားတွေထုတ်ပိုးကာအိမ်ကဆင်းသွားသည်။ခြံရှေ့မှာရပ်ထားတဲ့နောက်ဆုံးပေါ်ကားပေါ်ကျော့မော့စွာနောက်တစ်ချက်လှည့်မကြည့်ပဲတက်သွားတယ်။အိမ်ကြီးရဲ့အပေါ်ဆုံးထပ်ပြတင်းပေါက်လိုက်ကာအကွယ်မှာရပ်နေတဲ့ကောင်လေးကကားထွက်သွားသည်ထိမျက်စိတဆုံးကြည့်နေသည်။မြင်ကွင်းထဲကထိုကားပျောက်ကွယ်သွားတော့မှအရုပ်ကိုပိုက်ထားရင်းနဲ့အထဲပြန်လှည့်လာသည်။

Dadနဲ့Momကွာရှင်းလိုက်လို့လဲသူဝမ်းမနည်းဘူး.မကွာရှင်းရင်လဲသူမပျော်ဘူး..သူကဒီတိုင်းဘာကိုမှမခံစားရတာ။အတူရှိနေကြတော့ရောအသီးသီးအိမ်ထောင်ရေးဖောက်ပြန်ကြပြီးသူ့ကိုတစ်ယောက်ထဲပစ်ထားကြတာ သူ့ကိုမလိုချင်ကြဘူးဆိုတာသိပါတယ်။ပြီးတော့ဒီနေ့ကသူ့ရဲ့မွေးနေ့.....

Non-vampire Vampire ✔On viuen les histories. Descobreix ara