ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

692 38 6
                                    

ဆင်မင်းလမ်း(သို့မဟုတ်)ဆင်မင်းစျေး၊အလုံ၊တိုက်အမှတ် ၁၁၄(ခေါင်မိုးပေါ်)

"ငါ ဒီခေါင်မိုးပေါ်ရောက်ဖူးတာ ဒါပထမဆုံးအကြိမ်ဘဲဟုတ်တယ်"

"မင့် တစ်ခါမှ မလာဘူးလား"
"ဟုတ်တယ် မလာဖြစ်ခဲ့ဘူး၊နေလို့ကောင်းတယ်နော်"
"အော့"
လေးလွှာမှာ နေခဲ့စဉ်က အမှတ်တကယ်ပင် ဒီတိုက်ခေါင်မိုးပေါ်မရောက်ဖူးခဲ့တာပါ။ ခုတော့ အဒီးနှင့် အကြောင်းပြချက်မရှိ ဒီတိုက်ခေါင်မိုးပေါ်က လေညှင်းကို ခံစား၍ အရသာတွေ့နေမိသည်။
ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့ လရောင်က ရန်ကုန်မြေပေါ်သို့မကျနိုင်။ ရန်ကုန်မြေက သူ့တစ်ဘာသာ ကိုယ်ပိုင်အလင်းရောင်ဖြင့်ပြည့်နေသည်။
"မင်းစိတ်ထဲရှင်းပြီးပြီလား"
"ဘာကိုလဲ"
"အစ်ကို့ကိုမေ့ပစ်လိုက်ဖို့လေ"
သူခဏတော့ငြိမ်သက်သွားသည်။
"တမင်မေ့ပစ်ဖို့မှ မလိုတာ၊ တကူးတက မေ့ပစ်ရတဲ့ထိ သူနဲ့ငါဆက်ဆံရေးက ဘာမှ မှ မဖြစ်ခဲ့တာ၊ ဒီလိုဘဲ မတွေ့ မမြင်တာကြာသွားတဲ့အခါ၊ တစ်ဖြည်းဖြည်း မေ့သွားမှာပေါ့"

အဒီးသည် ကြင်နာစွာ သူ့လက်ကလေးကို လာဆုပ်ကိုင်လိုက်သည်။တကယ်တော့ တစ်ဖြည်းဖြည်းမေ့သွားသည်ဆိုတာထက် တစ်ဖြည်းဖြည်း စိတ်ထဲ မတွေးမိတော့တာမျိုးသာ ဖြစ်ပေလိမ့်မည်။ အဘယ်နည်းနဲ့ အစ်ကို့ကို မေ့ရနိုင်ပါအံ့။အစက မတွေ့ဖြစ်ခဲ့ရင်တောင်ပိုကောင်းဦးမည်ဟု တွေးမိပါသည်။
"မင်းဘေးမှာ ငါအမြဲရှိနေမှာပါ၊ မင်းက ငါတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလား"
"မင်းက မိန်းမ မယူတော့ဘူးလား"
"မင်ကိုယူမှာလေ"
"မညယ်"
အဒီး ကိုတော့ကျေးဇူးတင်ပါသည်။ သူ့ဆိုလျှင် ဘာပြောပြော လိုက်လျောသည်။ အဒီးအပေါ်မှာတော့ ဆိုးခြင်းမရှိပေမယ့် ဆိုးလျှင်လဲ အဒီးက အလျှော့ပေးဦးမည်ဆိုတာကိုလဲ အတပ်သိနေပါသည်။ ပြီးတော့ အဒီးဟာ အရာရာ အားလုံးကိုစူးကျယ်အောင်အတွက်သာ ပြင်ဆင်ထားမိသူဖြစ်သည်။ညလေညှင်းဟာ တာဝန်မကျေလိုက်လေခြင်း၊ ကြည့်မြင်တိုင်မှ အငွေ့သက် သို့မဟုတ် စကားလေးတစ်ခု ကိုပင် ယူဆောင်မလာခဲ့လေခြင်း။
"၁၁ နာရီ ထိုးပြီ ဆင်းကြစို့"
"အင်း"
အခန်းထဲ ပြန်ရောက်တော့ လေအေးပေးစက် ဖွင့်လျက်သားမို့ အနည်းငယ် အေးသည်ဟုခံစားမိသည်။ဒီတိုက်ခန်းလေးထဲမှာ အမှတ်တရ အများစားကြီးတော့မရှိပါ။ အစ်ကို့ပုံရိပ်တစ်ချို့သာ ကျန်ရှိနေသေးသည်။ အငွေ့သက်တို့ကတော့ အဒီးရှိနေသဖြင့် ပျောက်ကွယ်လုလုပင်။အိပ်ယာပေါ်မှာ နှစ်ယောက်သားပူးကပ်မိကြသည်။ ခေါင်းအုန်းက တစ်လုံးတည်းရှိသည်မို့လား။ခုချိန်စိတ်ခံစားချက်သည် အလွန်တည်ငြိမ်နေသည်။ လွမ်းဖို့ အရှိန်ယူနေခြင်းများပေလား။ညမီးရောင်ဖျော့ဖျော့လေးက ညအမှောင်ကို မထူးခြားစေပါ။နှစ်ယောက်သား ပက်လက်လှန် အနေထားမှ ရုတ်တရက်စူးကျယ်အောင် တစ်ဖက်သို့စောင်းလိုက်တော့ အဒီးကို ကျောပေးလိက်ဖြစ်သွားသည်။
အစ်ကို့ကိုမေ့ပစ်ဖို့မကြိုးစားဘဲ အစ်ကို့အကြောင်းမတွေးမိအောင်သာ ကြိုးစားချင်သည်။ ကိုယ့်အတွေးနှင့်ကိုယ်ရှိနေခိုက် အဒီးသည် အနောက်မှ ဖက်လိုက်သည်။ထူးထူးခြားခြားခံစားရသည်မျိုးမရှိသော်လည်း အဒီးအပေါ်အရင်ထက် ပို၍အမည်မသိခံစားချက်ပိုလာသည်တော့မှန်ပါသည်။
သူ တစ်ဖက်ပြန်လှည့်လိုက်တော့ အဒီးနှင့် မျက်နှာချင်းဆိုင်မိလျက်ဖြစ်သည်။မျက်လုံးချင်းစူးစူးစိုက်စိုက်ကြည့်လိုက်တော့ အဒီးမှ မျက်နှာလွှဲမသွားဘဲ ထိုအကြည့်ကို ရင်ဆိုင်နိုင်သည်ဟူသော အကြည့်နှင့်ပြန်ကြည့်သည်။ မိနစ်ပိုင်းမျှ အမှန်တကယ်ပင်မကြာသော်လဲ ဆုံခဲ့သော အကြည့်တို့က စကားပြောကြသည်။ ငယ်ငယ်တည်းမှ ပေါင်းသင်းလာသော အဒီးကို သူငယ်ချင်းလိုသာမက ညီအစ်လိုသာမက ချစ်သူလိုပါ ချစ်မိလျှင် ချစ်မိချင်း ကို မသိစွာ ချစ်မိနေမိသည်ကိုပေါ့။ အဒီးရယ် ဒီဝန်ခံမှုမျိုးကို ငါ တို့ ကျောင်းသားဘဝတည်းက မင်းလို ဖော်ပြနိုင်ခဲ့ရင် ကောင်းမှာဘဲ၊ ငါ့ရင်ခုန်တတ်စ ရင်ခုန်သံဟာ တကယ်ချစ်မိနေတဲ့ မင်းအပေါ်မဟုတ်ဘဲ တစ်ခြားလူဆီမှာ ဖြစ်နေခဲ့တယ်။ ခုချိန် အစ်ကိုနဲ့ မင်းကို ရွေးပါဆိုရင် ငါသေချာပေါက် မင်းကိုဘဲ ရွေးမိမှာပဲ။
နဖူးကျဉ်းကျဉ်းပေါ်မှ ဆံစ လေးတွေ ဟာ မညီမညာ နူးနူးညံ့ညံ့ ပေါက်နေသော အဒီးရဲ့ အနမ်းဧရိယာလေးကို စူးကျယ်အောင် အကြိုက်ဆုံးပါ။ပထမဆုံး အဒီးနဖူးကို ခပ်ရှုံ့ရှုံ့လေး နမ်းပစ်မိလိုက်သည်။ တကယ်ပထမဦးဆုံးပါဘဲ။ ဘဝမှာ ကိုယ့်ဘက်က စပေးတဲ့အနမ်းဟာ နဖူးပြင်လေးဖြစ်တာဟာ အဒီးနှင့်ပထဦးဆုံးပါဘဲ။
အဒီးမှ ကြိတ်ပျော်ရပြန်သည်။ ထင်မထားသော အနမ်းကို ရလိုက်ချိန် အဒီးရင်ထဲ ဆယ်ကြိမ်မြောက်မက အဝါရောင်ပန်းခင်းကြီးဖြစ်ရပြန်ပါသည်။ချစ်လိုက်တာ စူးကျယ်အောင်ရယ်၊ငါ့ဘဝမှာ မင်းတစ်ယောက်တည်းကိုဘဲ ချစ်နေခဲ့မိတာ။ ဘဝစ်လျှောက်လုံးပဲဟုတ်တယ်။ အလယ်တန်းကျောင်းသားဘဝမှာတော့ သူငယ်ချင်းလိုချစ်တယ်။ အထက်တန်းကျောင်းသားဘဝရောက်တော့ ငါ့မသိစိတ်က မင်းကိုချစ်ဖို့ ပြောပြနေခဲ့တာ။ ခုအရွယ်ရောက်တော့ မသိစိတ်ကရော သိစိတ်ကရော အရာအားလုံးက ငါမင်းကိုချစ်တယ်ဆို သေချာနေစေတယ်။ မင်းရဲ့ ခပ်ကျယ်ကျယ် ပြောင်ရှင်းရှင်း နဖူးလေး၊အိပ်ရေးပျက်လို့ ကျနေတဲ့ မျက်တွင်းလေးအောက်က အကြည့်စူးစူး မျက်လုံးလေး၊ ဖောင်းနေတဲ့ပါးမဟုတ်ဘဲ မို့နေတဲ့ ပါးမို့မို့လေး၊ ပြီးတော့ ငါအချစ်ဆုံး ဘယ်ချိန်ကြည့်ကြည့်ရဲနေတဲ့ နီဆွေးဆွေး နှုတ်ခမ်းသေးသေးလေး။ အဒီးမှ စူးကျယ်အောင်ကို နှုတ်ခမ်းချင်း တွေ့ဆုံစေပြီး အနမ်းမိုးတွေကို ပူထူသွားတဲ့ထိ ကျဲချပစ်လိုက်သည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now