771 - 775

96 8 0
                                    

Godly Sword System
Chapter 771 မဟာ စိတ်ဝိဉာဉ်သူတော်စင်အဆင့်
Translated by Thura

ဓါးနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင် ဝူတျန်းက ယန်ချီကို ကြည့်ပြီး နာမည်ကို မေးလိုက်တယ်။

“ယန်ချီပါ”

ယန်ချီက သူ့နာမည်ကို မကွယ်မဝှက်ပဲ အမှန်အတို်ငး ပြောလိုက်တယ်။

“ယန်ချီလား”

နန်းတော် သခင် ဝူတျန်းက ခဏလောက် စဉ်းစား လိုက်ပြီးနောက် ယန်ချီရဲ့ နာမည်ကို မကြားဖူးကြောင်း သိလိုက်တယ်။

“ယန်ချီ မင်းက ဓါးနတ်ဘုရားနန်းတော်ရဲ့ တပည့်အသစ် တစ်ယောက်ပဲ ။ ဘာရည်ရွယ်ချက် ရှိလို့ ငါ့ကို တွေ့ချင်တာလဲ”

နန်းတော်သခင် ဝူတျန်းက ယန်ချီကို နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။

ယန်ချီက နန်းတော်သခင်ရဲ့ စကားတွေကို ကြားတော့ တောင်ထိပ်သခင်တံဆိပ်ပြားကို ထုတ်ယူလိုက်တယ်။

“အဲ့ဒါက. .”

နန်းတော်သခင် ဝူတျန်းလည်း ယန်ချီလက်ထဲက တံဆိပ်ပြားကို ကြည့်ပြီး အံ့အားသင့်သွားခဲ့ရတယ်။

“ငါ့ကို တံဆိပ်ပြား သေချာပြပါလား”

ယန်ချီက တောင်ထိပ်သခင်တံဆိပ်ပြားကို နန်းတော်သခင် ဝူတျန်းကို ကမ်းပေးလိုက်တယ်။

တံဆိပ်ပြားကို ယူပြီးနောက် ဓါးနတ်ဘုရားနန်းတော် ရဲ့ နန်းတော်သခင် ဝူတျန်းက တောင်ထိပ်သခင်တံဆိပ်ပြားကို သေချာ ကြည့်လိုက်မိတယ်။

ချက်ချင်းပင် ဓါးနတ်ဘုရားနန်းတော် ရဲ့ နန်းတော်သခင် ဝူတျန်းတစ်ယောက် ကျောက်ရုပ်အလား ဖြစ်သွားခဲ့ပြီး အချိန်အတော်ကြာတဲ့ အထိ သတိပြန်မဝင်လာခဲ့ပါဘူး။

“ဒါက တကယ်ကို တောင်ထိပ်သခင်တံဆိပ်ပြားလား”

ဓါးနတ်ဘုရားနန်းတော် မှာ တောင်ထိပ် ခုနှစ်ခုရှိပြီး တောင်ထိပ်သခင်တံဆိပ်ပြားတစ်ခုက ပျောက်ဆုံးသွားတာ အတော်ကြာသွားပါပြီး။

အချိန်အတော်ကြာပြီးနောက် ဓါးနတ်ဘုရားနန်းတော် ရဲ့ နန်းတော်သခင် ဝူတျန်းက သတိပြန်ဝင်လာခဲ့ပြီး ယန်ချီကို ကြည့်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now