Part 1

1.6K 51 9
                                    

ခမ်းနားလှတဲ့ အိမ်ကြီးနဲ့ သန့်ရှင်းတောက်ပြောင်နေတဲ့ အဆောင်အယောင်တွေက နှင်းဘယ်လောက်ကျကျ မှေးမှိန်ဖုံးကွယ်သွားမည့်ဟန်မပေါ်ပါ။ထိုအိမ်ကြီး၏ ဧည့်ခန်းတစ်နေရာတွင် ချိတ်ထားသော ဓာတ်ပုံကြီးတစ်ပုံ။‌ချောမောခန့်ညားတဲ့ ၁၈နှစ်အရွယ် နေဂုဏ်မှိုင်းနဲ့ ၁နှစ်သားလေးနွေတုနှိုင်း။ဒီတစ်လျှောက်လုံးမှာ နှစ်ယောက်တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုလို့ ဒီတစ်ပုံထဲသာရှိသည်ကို တွေးမိနေစဉ် ဦးစိုင်းက စကား စပြောလာသည်။

"နှိုင်း.... မကြာခင်အချိန်မှာ သူဌေးက ဒီအိမ်ကို အပြီးအစီး ပြောင်းလာနေတော့မယ်တဲ့"

"ဟင် ဘယ်အချိန်လဲ"

"တစ်ရက် နှစ်ရက်အတွင်းမဟုတ်ရင် ဒီတစ်ပတ်အတွင်းပါ"

"ဘာကြောင့် လို့ရော ပြောသေးလား ဦးစိုင်း"

"အဲ့လိုတော့မပြောဘူး။‌ဦး‌လေးကတော့ နှိုင်းကြောင့်လို့ထင်တယ်။နှိုင်း အနားမှာ အဖော်ပြုပေးဖို့ပဲ ဖြစ်မှာ။သူဌေးက...."

"ကျွန်တော် ကျောင်းသွားတော့မယ်"

ဦးစိုင်းရဲ့ မဟုတ်က ဟုတ်က ထင်မြင်ချက်တွေကို နားမထောင်ချင်တော့ပါ။သိတတ်စ အရွယ်ကတည်းက ထိုလူဆီက ရင့်သီးမှုနဲ့ ခါးသက်သက် မေတ္တာကိုသာ ရရှိဖူးသည်။နွေ မွေးဖွားလာတာက သူ့အတွက် ကပ်ဆိုးကြီးတစ်ခုလိုပင်။နွေ့ကို ကိုယ်ဝန်ဆောင်သည့်အချိန်က သူတို့ နှစ်ယောက်သား လက်မထပ်ရသေး။ထို့ကြောင့် အသက်မပြည့်သေးသည့် သူတို့ အတွက် နွေက မလိုချင်တဲ့အချိန်ရလာသည့် ကလေး။မွေးကင်းစအရွယ်တွင် နွေရဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့သည်။သိပ်ချစ်ရသည့် ဇနီးလောင်း သေဆုံးမှုအတွက် အပြစ်အားလုံးကို ခံယူရသူကတော့ နွေတုနှိုင်း။ သူများတွေ ခေါ်သလို အဖေ ဆိုပြီးတော့လည်း တစ်ခါမှ အခေါ်မခံခဲ့။အဖေ လို့ ခေါ်လိုက်တိုင်း ငါ မင်းအဖေ မဟုတ်ဘူး ငါ့ကို အဖေလို့ လာမခေါ်နဲ့ဆိုပြီး ကြိမ်းမောင်း ခံခဲ့ရဖူးသည်။အများသူငှာရှေ့တွင် သားအဖ အဖြစ် အသိပေးထား သော်လည်း နွေကတော့ သူ့ကို ဦးနေဟုသာ ခေါ်သည်။ အရင်က ခဏတဖြုတ် လာလာ လည်တတ်ပေမယ့် အခုမှ ဘာစိတ်ကူးတွေ ပေါက်ပြီး အပြီးအပိုင် နှိုင်းနဲ့လာနေဖို့ ဆုံးဖြတ်လိုက်တာလဲ။ကျောင်းခန်းထဲ ရောက်တဲ့အထိ ထို အတွေးတွေက မပြီးဆုံးနိုင်ပါ။

Modest LoveWhere stories live. Discover now