776 - 780

120 8 0
                                    

Godly Sword System
Chapter 776 ကျိုးရွှယ်ရဲ့ အံ့အားသင့်မှု
Translated by Thura

“ဟား ဟား ဟား ”

ကျိုးရွှယ် က ယန်ချီရဲ့ စကားကို ကြားတော့ နောက်တစ်ကြိမ် ထပ်မံ လှောင်ပြောင်ရယ်မောလိုက်တယ်။

“ရှင့်စကားတွေက ကျွန်မရဲ့ ဆက်နွယ်မှုလက်နက်ကို သာမန်အဖြစ် ပြောဆိုတာကို ကြားဖူးတာ ပထမဆုံးအကြိမ်ပဲ”

ကျိုးရွှယ် ရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရယ်စရာ ကောင်းနေခဲ့တယ်။

“မင်းရဲ့ ဆက်နွယ်မှုလက်နက်က တကယ်ကို သာမန်ပဲ ” ယန်ချီက ကျိုးရွှယ်ကို ကြည့်ပြီး ပုံမှန်အတိုင်း ဆက်ပြောလိုက်တယ်။ “မင်း မယုံကြည်ရင် မင်းရဲ့ ဆက်နွယ်မှုလက်နက်ကို သုံးပြီး ငါ့ကို တိုက်ခိုက်ကြည့်လေ”

“ဘာ. . .”

ယန်ချီရဲ့ စကားကို ကြားတော့ ကျိုးရွှယ် နဲ့ မိန်းကလေးတွေအားလုံး မှင်သက်သွားခဲ့ကြတယ်။

ယန်ချီက ဒီစကားကို ဆက်ပြောနေလိမ့်မယ်လို့ သူမတို့တွေ မထင်ထားမိပါဘူး။

“မင်းတိုက်ခိုက်လို့ ငါ ရွေ့သွားရင် ငါရှုံးမယ်”

ယန်ချီက ဆက်ပြောလိုက်တယ်။

ကျိုးရွှယ် က ဒီစကားကို ကြားတဲ့အခါ ဒေါသတွေ အလိမ့်လိမ့် ထွက်လာခဲ့ကြတယ်။

သူမက ပါရမီရှင်များစွာကို မြင်ဖူးပေမယ့်လည်း ယန်ချီလို မောက်မာတဲ့ လူကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးတာပါ။

“သေချင်နေတာပဲ”

စကားသံ ဆုံးသွားပြီးနောက် ကျိုးရွှယ်က အပြာရောင် လဓါးကို ကိုင်ပြီး ယန်ချီဆီကို ပြေးဝင်တိုက်ခိုက်လိုက်တယ်။

ချက်ချင်းပင် ကျိုးရွှယ် က လက်ထဲမှာ ကောင်းကင်အဆင့် အလယ်အလတ် ဆက်နွယ်မှုလက်နက် အပြာရောင် လဓါးကို ကိုင်ပြီး ယန်ချီအရှေ့ကို ရောက်သွားပြီးနောက် ယန်ချီရဲ့ လည်ပင်းကို ခုတ်ပိုင်းလိုက်တယ်။

ယန်ချီကတော့ သူပြောတဲ့အတိုင်း ရှောင်လည်း မရှောင်သလို ခုခံခြင်းလည်း မရှိပါဘူး။

ကျန်တဲ့ မိန်းကလေးတွေက ဒီမြင်ကွင်းကို မြင်တော့ သူမတို့ မျက်လုံးကို မှိတ်ထားမိကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now