👨💼 ချစ်ရပါသော ရှေ့နေလေး👨💼
Chapter ~ 27
"Mine !"
Mine မနက်ဖြန်ဆိုသူမအမှုကပြန်စတော့မှမို့အလုပ်ရှုပ်နေခိုက် သူနာမည်ခေါ်ပြီးဝင်လာတဲ့ H ကြောင့် တစ်ချက်သာကြည့်လိုက်ရင်း Laptop ကိုပြန်အာရုံစိုက်လိုက်သည်။
"Mine အမှုကမနက်စတော့မှာ သက်သေရပြီလား"
"မင်းသိချင်ရင် မနက်ဖြန်တရားရုံးလိုက်ခဲ့လေ...ဘာတွေအရမ်းသိချင်နေလဲ"
သူ Laptop ကိုကြည့်နေရာကနေ သူကိုတောင်မော့မကြည့်ပဲပြောနေတာမို့ အိမ်ထောင်ကျပြီးနောက်ပိုင်း နေထိုင်ပုံပြောင်းလဲလာတဲ့ Mine ကိုနားမလည်ပင်မဲ့ ဒီလိုလုပ်ရတာလည်း သေချာပေါက်အကြောင်းပြချက်ရှိမှာသေချာသည်။Mine ကအစကတည်းက သူလုပ်တဲ့အလုပ်အပေါ်မှာ တရားသူကြီးတောင်မဖြစ်မနေမို့ တင်ပြနေရတာ တစ်ခြားသူဆို ဖြေရှင်းရတာမကြိုက်လို့ ဘယ်သူဘယ်လိုထင်ထင်ဖြေရှင်းမှာမဟုတ်။တရားသူကြီးတောင် မဟုတ်မမှန်ဆုံးဖြတ်ချက်ချရင် ပြန်ပြောတက်သည့်လူမျိူး။
"Mine တော်တော်ပြောင်းလဲသွားတယ်နော်...အရင်ကဆိုကျွန်တော်ကိစ္စမှန်သမျှသိရတယ်"
"ဘာလဲ ငါ့ကမင်းကိုသေးပေါက်တဲ့ကိစ္စပါလိုက်ပြောနေရမှာလား !"
ဆိုကာ သူရှေ့ကိုစာရွက်တစ်ရွက်ပစ်ချပေးတာကြောင့် သူယူပြီးကြည့်လိုက်တော့ တန်ပြန်တရားစွဲဖို့ အမှုတွေကို တန်းစီရေးထားတာကြောက်ဖို့တောင်ကောင်းသည်။ပြန်တရားဆွဲတဲ့ ပထမဆုံးအချက်က မဟုတ်မမှန်ပဲမတရားခံရတဲ့သူအတွက် တရားမျှတမူ ဆိုတာကအမှန်တရားမို့လက်ခံနိုင်ပင်မဲ့ အောက်က အချက်တွေထဲက ဆေးရုံကိုပါပိတ်သိမ်းပေးဖို့ နဲ့ ဆေးရုံပိုင်ရှင်ကိုပါ {cctv File } ပျောက်တာကြောင့် ခေါ်ယူစစ်ဆိုဖို့ဆိုတဲ့အချက်က ယုံစရာတောင်မရှိ။ဆောင်းဦးလွင် နဲ့ပက်သက်လာရင် ဘယ်သူကိုမှခွင့်မလွှတ်ဘူးလို့အမှုစကတည်းပြောထားခဲ့တာ အခုတော့ Oliver တောင်မချန်တော့။ပြန်တရားဆွဲဖို့လုပ်ထားတဲ့အထဲ ဆောင်းဦးလွင်ကို ရေသန့်ဘူးနဲ့ကောက်ပေါက်တဲ့သူကအစပါသည်။
သူကိုဒီလောက်ပြကတည်းက Mine သက်သေတစ်ခုကို သေချာပေါက်ရနေလို့ပင်။Mine သာဆောင်းဦးလွင် အပြစ်ကင်းကြောင်းသက်သေမပြနိုင်ရင် ပြန်တရားစွဲဖို့ လုပ်ပါ့မလား။

ŞİMDİ OKUDUĞUN
🖤DEAR LAWYER_[ချစ်ရပါသော ရှေ့နေလေး]🖤
Romantizm"ကိုယ့်အတွက်အချစ်ဆိုတာ စာဖွဲ့စရာမလိုတဲ့ရိုးရိုလေးပါပဲ ဆောင်းဦးလွင်တဲ့" Start Date.... 9.5.2023 End Date....24.10.2023 🚫Mine တို့ကို တစ်ခြား acc နဲ့ page တွေမှာကူးယူပြီး တင်ခွင့်မပြုပါ🚫