781 - 785

98 5 0
                                    

Godly Sword System
Chapter 781 ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်
Translated by Thura

ကျိုးခီအာတစ်ယောက်ကတော့ ယန်ချီ သူမနာမည်ကို မေးလိမ့်မယ်လို့ မထင်မိလိုက်ပါဘူး။

“ရှင်က ကျွန်မနာမည်ကို သိဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား”

ကျိုးခီအာက ယန်ချီကို တင်းမာစွာ ကြည့်ပြီး ပြောလိုက်တယ်။

“ရှိတာပေါ့”

ယန်ချီက ကျိုးခီအာကို မထီတရီ အပြုံးနဲ့ ကြည့်လိုက်တယ်။

ဘာကြောင့်မှန်းမသိ ကျိုးခီအာက ယန်ချီရဲ့ အမူအယာကို ကြည့်မရ ဖြစ်နေခဲ့တယ်။

“ကျွန်မ ရှင်ကို ပြောလိုက်မယ်။ ကျွန်မက ကျိုးမျိုးနွယ်က။ ရှင် ထွက်မသွားသေးဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ရှင်သိဖို့ ကျွန်မ ပြောဖို့ လိုမယ်မထင်ဘူး”

“ငါ မသိချင်ဘူး”

ယန်ချီက ကျိုးခီအာကို ငေါ့တော့တော့နဲ့ ပြောလိုက်တယ်။

ယန်ချီရဲ့ အမူအယာကို မြင်တော့ ကျိုးခီအာတစ်ယောက် အလွန်အမင်း ဒေါသ ထွက်သွားခဲ့တယ်။

“ရှင် . . ရှင် မလွှတ်သေးဘူးလား”

“မလွှတ်ဘူး”

ယန်ချီက ခေါင်းပဲ ညိတ်လိုက်ပြီး ဘာမှ ထပ်မပြောခဲ့ပါဘူး။

သူတို့တွေ ပြောဆိုနေတာတွေကို ကြားတဲ့ ပတ်ဝန်းကျင်က လူတွေအားလုံး မှင်သက်နေခဲ့ကြတယ်။

သူတို့တွေအနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ကျိုးခီအာ အခက်အခဲ ကြုံနေရတာကို မြင်ဖူးခြင်းပါ။

“ဖြစ်နိုင်တာက. . . ”

သူတို့အားလုံး အံ့အားသင့်ဖွယ်ကောင်းတဲ့ ဖြစ်နိုင်တာ တစ်ခုကို ရုတ်တရက် တွေးမိလိုက်ကြတယ်။

အဲ့ဒါကတော့ ယန်ချီက အလွန်တရာ အစွမ်းထက်တဲ့ စိတ်ဝိဉာဉ် ပညာရှင်တစ်ယောက် ဆိုတာပါ။ အဲ့ဒီလိုမှ မဟုတ်ရင် ကျိုးခီအာနဲ့ ရင်ဆိုင်နေရချိန်မှာ ဘယ်လိုလုပ်ပြီး ဒီလို ပြုမူရဲမှာလဲ။

ဒီအကြောင်းကို တွေးမိလိုက်တော့ လူတိုင်းက ဒီအဖြစ်အပျက်က တကယ်ကို အံ့အားသင့်ဖို့ ကောင်းတယ်လို့ တွေးမိလိုက်ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now