786 - 790

112 8 0
                                    

Godly Sword System
Chapter 786 မီးတိမ်တိုက် တောအုပ်
Translated by Thura

“ခီအာ မင်း ဘာမှ ပြောမနေနဲ့တော့။ ဒီအတိုင်း ဆုံး ဖြတ်လိုက်ပြီ”

ကျိုးမျိုးနွယ်ခေါင်းဆောင် ကျိုးရှင်းက ကျိုးခီအာကို ကြည့်ပြီး ပြောလိုက်တယ်။ “တောင်ထိပ်သခင် မင်းရဲ့ ဆန္ဒအတိုင်း ခီအာကို တပည့်အဖြစ် လက်ခံလိုက်ပါ။ တပည့်လက်ခံပွဲ လုပ်တာပေါ့”

“အခု မင်းငါ့ကို ဆရာအဖြစ် ခေါ်လို့ ရပြီး” ယန်ချီက ကျိုးခီအာကို ကြည့်ပြီး ပြောလိုက်တယ်။

“ဆ . . ဆရာ ”

ကျိုးခီအာက ယန်ချီကို ဆရာအဖြစ် ဦးညွှတ်ပြီး ခေါင်းလိုက်တယ်။

“ဒင် တပည့်တစ်ယောက်ကို လက်ခံဖို့ စမ်းသပ်မှုကို အောင်မြင်တဲ့အတွက် အထူးရတနာသေတ္တာတစ်လုံး ရရှိပါတယ်”

စနစ်ရဲအသံက ယန်ချီရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့တယ်။

ယန်ချီလည်း စဉ်းစားနေတော့ပဲ ရရှိထားတဲ့ အထူးရတနာ သေတ္တာကို ဖွင့်ကြည့်လိုက်တယ်။

“သွေးသောက်မှော်ဓါးကို ဖမ်းဆီးမယ့် စိတ်ဝိဉာဉ်ကျော့ကွင်း”

အထူးရတနာသေတ္တာရဲ့ အညွှန်းကို ဖတ်ကြည်ပြီးနောက် ယန်ချီက သက်ပြင်းချမိလိုက်တယ်။

သူ့ရဲ့ ကံက ဘာကြောင့် ဒီလောက်ထိ ကောင်းနေရလဲဆိုတာကို တွေးနေခဲ့တယ်။

သွေးသောက်မှော်ဓါးက ဓါးနတ်ဘုရားနန်းတော်ရဲ့ သီးသန့်ခန်းမထဲ ထိန်းသိမ်းထားပါတယ်။

ဒါပေမဲ့လည်း သူက အခုမှ အဆင့် ၈၇ မဟာ စိတ်ဝိဉာဉ် သူတော်စင်အဆင့်ပဲ ရှိသေးတာဆိုတော့ အဆင့် ၉၁ စိတ်ဝိဉာဉ်အင်ပါယာ အဆင့်ကို ရောက်ရှိပြီးမှ ဖမ်းယူနိုင်မှာပါ။

အဲ့ဒီအကြောင်းကို တွေးမိပြီး ယန်ချီတစ်ယောက် ပျော်ရွှင်နေခဲ့တယ်။

“သွားကြမယ်”

ယန်ချီက ကျိုးခီအာကို ကြည့်ပြီး ပြောလိုက်တယ်။

“သွားကြမယ်. .  ဘယ်ကို သွားမလို့လဲ”

“ဓါးနတ်ဘုရားနန်းတော် လေ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now