academic rival

5.4K 133 42
                                    

ရုပ်ချောကောင်ကငါ့ပြိုင်ဘက်!

ဘာလိုလိုနဲ့နှစ်တစ်နှစ်ကုန်လို့စာသင်နှစ်အသစ်ကိုပြန်ရောက်လာပြီ။ငါကfourth nattawat။တစ်မျိုးလုံးမှာအချောဆုံးကောင်လေး။

ဒါတွေကပကာသနတွေပါ။ငါကဖော််ရွေပြီးactiveဖြစ်တဲ့အထက်တန်းကျောင်းသားလေးဆိုပေမယ့်ငါ့ဘ၀မှာအအဆိုးတကာ့အဆိုးဝါးဆုံးရန်သူတစ်ယောက်ရှိတယ်။

Gemini Norawit Titicharoenrak!အိုးးးတွေးကြည့်ရုံနဲ့တင်ကိုငါစိတ်တွေကယားနေပြီ။သေချာပေါက်ငါgeminiကိုမုန်းသည်။ဘာလုပ်လုပ်လိုက်ပြိုင်နေတဲ့ကောင်။

ငါတို့ကအတန်းဖော်တွေဆိုပေမယ့်တစ်ယောက်နဲ့တစ်ယောက်သေလောက်အောင်မုန်းတာတစ်ကျောင်းလုံးအသိ။ဒါတွေကလွန်ခဲ့တဲ့၅နှစ်လောက်ကတည်းက။

အေးချမ်းပြီးကိလေသာရအပူမီးတွေမရှိတဲ့ငါ့ဘ၀ထဲကိုမေထုန်ကောင်ရောက်လာတာ။အစကတော့ပုံမှန်ပါပဲ။အဲ့ကောင်သာသူများအဆင့်၁လေးကိုမလုခဲ့ရင်ပေါ့။

ဒါကငါမကြိုးစားလို့မဟုတ်ဘူး။ငါကဘာသာတရားကိုင်းရှိုင်းပြီးရိုးသားတဲ့လူတစ်ယောက်။စာမေးပွဲခန်းထဲမှာဘာရယ်မဟုတ်အဲ့ကောင်ဘာတွေဖြေလဲစပ်စုတဲ့စိတ်နဲ့မေးလိုက်တာကိုစာခိုးချတယ်ဆိုပြီးတိုင်တယ်။

မသမာတဲ့နည်းနဲ့သူများအဆင့်ခိုးတဲ့ရုပ်ချောချောနဲ့ကျွဲလိုကောင်!!ဒါတင်မကသေးဘူး။ဂီတ၊သိပ္ပံ၊အားကစား၊လက်တွေ့၊စာအကုန်ကိုလိုက်ပြိုင်နေတာပါဆို။

အဆိုးဝါးဆုံးကတော့အချစ်ရေးပဲ။၁၀တန်းစာသင်နှစ်‌မှာyuu
ဆိုတဲ့ကောင်မလေးကိုငါသဘောကျခဲ့ဖူးတယ်။ဆယ်ကျော်သက်အချစ်ဦးလေးပေါ့ဗျာ။

Popularလေးလည်းဖြစ်၊ရုပ်လေးလည်းလှဆိုတော့ငါ့အချစ်ဦးလေးကိုလိုချင်တဲ့လူကခပ်များများရယ်။ပြဿနာကအဲ့မှာစတာ။ငါလည်းလူကြိုက်များတဲ့ကျောင်းသားတစ်ယောက်ပါ။

Geminiဆိုတဲ့ကောင်ကရည်းစားစာတွေငြင်းလွှတ်လွန်းလို့gayလို့တောင်အမည်ထွက်ခဲ့သေးတယ်။ဒါကခဏပဲ။ငါyuuကိုတရား၀င်လိုက်မယ်လို့ကြေညာလိုက်မှသူကငါ့အချစ်ဦးလေးနဲ့တွဲသွားလေရဲ့။

Enchanted (geminifourth ff✅)Where stories live. Discover now