791 - 795

214 11 0
                                    

Godly Sword System
Chapter 791 ဓါးနတ်ဘုရားနန်းတော်သို့ ပြန်ရောက်ခြင်း
Translated by Thura

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် က ယန်ချီကို ကြည့်လိုက်တယ်။

“ကောင်လေး မင်းမှာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ရှိတယ်ဆိုတာ ငါတို့က မင်းကို ကြောက်ရမှာလား”

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် က ယန်ချီကို သူတို့ ထင်သလောက် အစွမ်းမထက်ဘူးလို့ ထင်နေကြပါတယ်။

“မှန်းဆကြည့်လေ ။ ငါ မင်းရဲ့ လူတွေကို သတ်ဖို့အတွက် အချိန် ဘယ်လောက် ယူရမလဲဆိုတာကို”

ယန်ချီက အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် ကို ပေါ့ပါးစွာ ပြောလိုက်တယ်။

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် လည်း ယန်ချီရဲ့ စကားကို ကြားတော့ အံ့အားသင့်သွားခဲ့တယ်။ သူ့အနေနဲ့ ယန်ချီက ဒီလို စကားကို ပြောလိမ့်မယ်လို မထင်ထားမိဘူးလေ။

“ကောင်လေး မင်းက အရမ်း မောက်မာတာပဲ”

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် ရဲ့ အမြင်မှာတော့ ယန်ချီက ဒီစိတ်ဝိဉာဉ်ကုန်းမြေမှာ အမောက်မာဆုံး လူတစ်ယောက်လို့ ထင်နေခဲ့တယ်။

“ပုံမှန်ပါပဲ။ မောက်မာလွန်းတာ မဟုတ်ပါဘူး” ယန်ချီတစ်ယောက် သူ့အရှေ့မှာရှိတဲ့ အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့်ကို ကြည့်ပြီး ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့်လည်း ယန်ချီရဲ့ မောက်မာမှုတွေကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။

“သွားကြစမ်း ။ သူ့ကို ညီအစ်ကိုတွေအတွက် လက်စားချေကြစမ်း”

“ခဏနပေါဦး”

ယန်ချီက အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့် ကို တားဆီးလိုက်တယ်။

“မင်းက နောက်ဆုံးအနေနဲ့ ဘာစကားများ ပြောချင်လို့လဲ”

အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင်အဆင့်ကတော့ ယန်ချီက ကြောက်လန့်နေပြီးလို့ ထင်လိုက်မိတယ်။

“မင်းရဲ့ လူတွေကို သတ်ပစ်ဖို့က အချိန် တစ်စက္ကန့်ပဲ လိုတယ်လို့ ငါတွေးမိတယ်”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now