Chapter - 1

86 1 0
                                    

အပိုင်းတစ်

"မင်းသမီးလေး မြင်းလှည်းအဆင်သင့်ဖြစ်ပါပြီ သွားကြတော့မလား"

"ဟုတ်ကဲ့ ကျွန်မလည်း အဆင်သင့်ပါပဲ"

ကြီးကျယ်ခမ်းနားလှတဲ့ စီးတော်ယာဉ်မြင်းလှည်းကြီးနဲ့အတူ အနောက်မှာလည်း အစောင့်အကြပ်စစ်သည်တော် ၆ ယောက်

ဘာကိုမှမစဉ်းစားနေတော့ဘဲ Aruna တစ်ယောက် လှေကားထစ်လေးကနေတစ်ဆင့် စီးတော်ယာဉ်ပေါ် တက်သွားလိုက်ပါတော့တယ်

အထိန်းတော်ကြီးကတော့ Aruna ထွက်လာတဲ့ အဆောက်အအုံရှေ့မှာ မတ်တပ်ရပ်နေကြတဲ့ အမျိုးသမီးတွေကို အလေးတစ်ချက်ပြုရင်း

"ကျွန်မတို့မင်းသမီးလေးကို ၁၆ နှစ်ကြာ ကျွေးမွေးပြုစု စောင့်ရှောက်ပေးထားကြတဲ့အတွက် တကယ့်ကိုကျေးဇူးတင်ရှိပါတယ်ရှင် အကုန်လုံးပင်ပန်းခဲ့ကြရပါတယ် ဘုရင်ကြီးကလည်း ဒီကျေးဇူးကို မေ့မှာမဟုတ်ပါဘူး"

ထိုအမျိုးသမီးတွေထဲမှ အကြီးအကဲဖြစ်ဟန်တူသည့်တစ်ယောက်က

"မဟုတ်တာရှင် မင်းသမီးလေး Aruna က လိမ္မာလွန်းလို့ ကျွန်မတို့အရမ်းချစ်ကြတာပါ အခုလည်း လွမ်းနေရတော့မှာပေါ့ရှင် ကျွန်မတို့ Aruna လေးကို စောင့်ရှောက်ပေးကြပါဦးနော်"

Aruna တစ်ယောက် ထိုအမျိုးသမီးများရဲ့ မျက်ရည်တုတွေကိုလှမ်းကြည့်ကာ လှည်းပေါ်ကနေ မဲ့ပြုံးပြုံးရင်း

"အရမ်းချစ်ကြတယ်တဲ့..."

***************************

"ဟိုလေ အဒေါ် နန်းတော်ရောက်ဖို့ဘယ်လောက်လိုသေးလဲဟင်"

မိဘမဲ့ဂေဟာမှထွက်လာခဲ့တာ ၂ နာရီရှိပြီဖြစ်သော်လည်း နန်းတော်ရောက်ဖို့နေနေသာသာ အခုထိ နန်းတော်အရိပ်တောင်မမြင်ရသေးသောကြောင့် မေးလိုက်ခြင်းပင်..

"ရောက်တော့မှာပါ မင်းသမီးလေး သိပ်မလိုတော့ပါဘူး"

"ဟုတ်ကဲ့"

ပြတင်းပေါက်အပြင်ဘက်ကနေ တောင်တန်းတွေဆီငေးကြည့်ရင်း..

နန်းတော်ထဲရောက်သွားတာက သူ့ဘဝပိုအဆင်ပြေသွားမလား ပိုဆိုးသွားစေမလားကတော့...

Scarlet Mask : Guardian of the Moon Where stories live. Discover now