☂1☂

189 27 7
                                    

ဟန်နိုင်ငံရဲ့တော်ဝင်မိဖုရားခေါင်ကြီးအဆောင်တွင် မိဖုရားကြီးYangYangမီးဖွားနေလေသည်။ခန်းမဆောင်ရှေ့ဟန်မင်းကြီးမာလဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာနန်းဆောင်ထဲစိုးရိမ်တကြီးနဲ့ကြည့်နေမိသည်။မိဖုရားကြီးမာသက်တော်45နှစ်တွင် ကိုလေးလက်ဝန်ရှိလာကာ ယခုမီးဖွားနေသည်မို့ မင်းကြီးအတော်စိတ်ပူမိသည်။ယခုတခါတွင်တော့ဘိုးဘွားများဆီမှသားတော်လေးပေးသနားရန်သာ တဖွဖွဆုတောင်းမိသည်။ဟန်မင်းကြီးဖစ်တဲ့
Hwang XiaoJunတွင် သမီးတော်4ပါးသာဖွားမြင်သေးသည်။

"အားးး ငါ ငါမရတော့ဘူး"

"မယ်မယ် စိတ်လျော့ပီး ဖြည်းဖြည်းချင်း ညစ်ပေးပါ"

"တကယ်လို့--ငါသာတခုခုဖစ်ရင်
အာ့--ခလေးကို မင်းသေချာစောင့်ရှောက်ပေးပါ"

မိဖုရားYangYangမာ မောဟိုက်သောလေသံဖြင့် မိမိအထိန်းတော်ဖစ်တဲ့Yoonaကိုမှာကြားလေသည်။

"မယ်မယ် ---မယ်မယ်က ခလေးနဲ့အတူရှိနိုင်မာပါ"

YoonaစကားအားYangပြုံးပြလိုက်ကာ ခလေးအသက်ရှင်နိုင်ဖို့သာတွေးပီးအားနဲ့ညစ်လိုက်လေသည်။

"အားးး "

"အူဝဲ---အူဝဲ---"

"မယ်မယ် မွေးပါပီ!သား
သားတော်လေးပါ"!

ထိုစဥ်အထိန်းတော်မာ အပြင်တွင်ရှိနေတဲ့ မင်းကြီးအားလျှောက်တင်တော့ မင်းကြီးမာ မျပ်ရည်များပင်စီးကျလာကာအတင်းအထဲဝင်ဖို့လုပ်လေသည်။

"စိုးရွံံ့မိပါတယ် မင်းကြီး!အခု အထဲဝင်လို့မရသေးပါကြောင်းလျှောက်တင်ပါတယ် မင်းကြီး"!

!အာ--မိဖုရား မိဖုရားအ​ခြေအနေကရော!

မင်းကြီး အမေးအား မီးဖွားပေးတဲ့ သမားတော်နှင့် အထိန်းတော်မာ မျက်နှာအောက်ငုံ့ကာ ကြိတ်ငိုနေလေတော့Xiao Junစိတ်တိုမိသည်။

"ငါ ကိုယ်တော်မေးနေတယ်လေ!အသင်တို့ကမကြားလေသလော!"

အထိန်းတော်တို့အား မျက်ကွယ်ပြုကာမိမိမြတ်နိုးရတဲ့မိဖုရားအဆောင်ထဲသာဝင်လာလိုက်သည်။အထပ်ထပ်ပိတ်ကာထားတဲ့တံခါးတွေကိုဖြတ်ကျော်ကာလာနေရသည်မာ ဒီနေ့မှပိုကြာနေသလို။

🌸 ကြွေ 🌸Where stories live. Discover now