𝗌𝗎𝗉𝖾𝗋 𝗌𝗁𝗒 𝗏𝖾𝗋.𝟣 | 𝗌𝗎𝗇𝗀𝗃𝖾𝗇𝗀

1.1K 69 6
                                    

song recommendation - super shy by new jeans.

>//<

မိုးက တစ်နေကုန်မစဲပဲ တဖွဲဖွဲရွာနေရာကနေ တဖြည်းဖြည်းပို၍အရှိန်ပြင်းထန်လာပြီး သည်းထန်လာတာကြောင့် လေထုကအေးစိမ့်စိမ့်ဖြစ်နေသည်။

ဖွင့်ထားတဲ့ပြတင်းပေါက်တံခါးကနေ အထဲကိုရေတွေစင်လာတာကြောင့် မြန်မြန်ထပိတ်ရာက လေအေးအေးကပါ တစ်ချက်ဝေ့ပြီးတိုက်ခတ်လာတာကြောင့် တီရှပ်အဖြူလေးတစ်ထည်ကိုသာဝတ်ထားတဲ့ ဆောင်းဟွန်းတစ်ကိုယ်လုံး ကြက်သီးတွေပါဖြန်းခနဲထသွားရသည်။

ပြတင်းပေါက်တွေကိုလုံအောင်လိုက်ပိတ်ပြီးတာနဲ့ ဗီရိုထဲကဂွမ်းစောင်ထူထူကိုထုတ်ကာ စာကြည့်စားပွဲမှာ ခန္ဓာကိုယ်လေးကိုကြုံ့ကာ လက်ကလေးပိုက်ရင်းထိုင်နေတဲ့ အကိုသေးသေးလေးရဲ့ နောက်ကျောဘက်မှ လွှမ်းခြုံပေးလိုက်တော့ မျက်လုံးလေးတွေဝိုင်းပြီး ဆောင်းဟွန်းကိုမော့ကြည့်လာသည်။

"ကိုကိုအေးနေတယ်မလား"

စက္ကန့်ပိုင်းလောက် မမှိတ်မသုန်မျက်နှာအမူအရာလေးဖြင့် ကိုကိုကဆောင်းဟွန်းကိုမော့ကြည့်နေသည်။

နှာထိပ်လုံးလုံးလေးတွေ နားရွက်ဖျားလေးတွေရဲတွတ်နေတာကိုတွေ့ရတော့ မနေနိုင်ဘဲ သူ့လက်နှစ်ဖက်ကိုအာငွေ့ဖြင့်ပူသွားအောင်လုပ်ကာ ထိုနေရာလေးတွေကို ထိတွေ့ပြီး အနွေးဓါတ်ပေးလိုက်တော့ ကိုကိုက စောင်ထဲကိုပိုကြုံဝင်သွားကာ ဆောင်းဟွန်းလက်တွေကိုတွန်းဖယ်ပစ်သည်။

နှုတ်ခမ်းလေးတွေစူထော်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေသွားတဲ့ မျက်နှာလေးက ဆောင်းဟွန်းလုပ်ရပ်ကိုသဘောမကျကြောင်း သိသိသာသာကိုဖော်ပြလျက်။

"ကိုကို့အတွက် ချောကလက်ပူပူလေးတစ်ခွက် ဖျော်ပေးမယ်နော်"

ခေါင်းညိတ်ခေါင်းခါလည်းမရှိတဲ့ကိုကိုက ဆောင်းဟွန်းကိုလည်းကြည့်မလာတော့ပဲ ခုနကလုပ်လက်စကိုပြန်လုပ်နေသည်။

စောင်ထူထူကြီးထဲနစ်ဝင်မတတ်ဖြစ်နေတာကြောင့် လုံးလုံးပုံ့ပုံ့ကြီးဖြစ်နေတဲ့ လက်ရှိကိုကို့ပုံစံလေးကို အသည်းယားလာပြီး ကောက်ပွေ့မွှေ့ရမ်းပစ်လိုက်မိရင် သူ့ကိုပိုပြီးစိတ်ဆိုးသွားလောက်မည်။ အခုတောင် စိတ်ဆိုးပြီးမခေါ်မပြောတဲ့အခြေအနေမလား။

𝗃𝗃𝗈𝗇𝗀'𝗌 𝗅𝗈𝗏𝖾 𝖺𝗋𝖾𝖺Where stories live. Discover now