Chapter-1(Unicode)

14 0 0
                                    

Chapter-1

ကောင်းမွန်လှတဲ့တေးဂီတသံတစ်သံက ခမ်းနားထည်ဝါတဲ့အခန်းကြီးထဲမှာပဲ့တင်ထပ်နေပြီးတော့ အခန်းထဲမှာစကားပြောသံတွေနဲ့ဆူညံနေတယ်။ဖန်ခွက်တိုက်သံနဲ့ ဇွန်းခက်ရင်းသံတွေကလည်းဆူဆူညံညံမို့ အလွန်ကိုပျော်စရာကောင်းမယ့်ညစာစားပွဲပင်။

"Zhenyuan အခုချိန်မှာငါအသိချင်ဆုံးကတစ်ခုဘဲရှိတယ် နင့်အနာဂတ်ခင်ပွန်းလောင်းက ဘယ်အချိန်ပြန်လာမှာလဲ"

Gucciပန်းရောင် One setကို တောက်ပစွာဝတ်ထားတဲ့မိန်းကလေးက ဝိုင်တစ်ခွက်ကိုကမ်းပေးလိုက်ရင်းတက်ကြွစွာမေးမြန်းလာသည်။

"Yan Haoxiangက ဒီနေ့မနက်လေယာဥ်နဲ့ပြန်လာတာ အခုဆိုရောက်လောက်ပါပြီ ပြီးတော့Haoxiangက ငါ့ခင်ပွန်းလောင်းမဟုတ်ဘူး Sansanရဲ့ခင်ပွန်းလောင်း"

ထိုထဲကဆူညံနေတဲ့လူတွေနဲ့ခြားနားစွာ တိတ်တိတ်ဆိတ်ဆိတ်ညစာစားရုံသာစားနေတဲ့ကောင်လေးဆီကို လူတိုင်းရဲ့အကြည့်တွေကရောက်သွားပြီး ရယ်ချင်စိတ်ကိုထိန်းနေကြရသည်။

သူတို့ရဲ့ကိုကိုZhangက အမှန်တစ်ကယ်ကိုအကြပ်ရိုက်နေရတဲ့သခင်ငယ်လေးပါဘဲ။

လိုချင်တာကိုမရရအောင်ယူတတ်တဲ့Yan Haoxiangနဲ့ အကိုနဲ့သက်ဆိုင်ရာတွေကိုလိုက်လုနေတဲ့ညီမလေးကြားမှာ Zhang Zhenyuanက ဘာကိုလုပ်နိုင်အုံးမှာလဲ။

သူတို့အဖွဲ့ကအရမ်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကိုစောင့်ကြည့်ဖို့အသင့်ဖြစ်နေကြပြီ။

"အယ် ငါတစ်လျှောက်လုံးနင့်ရဲ့ခင်ပွန်းလောင်းအဖြစ်သိထားတာကိုရော ဘယ်လိုလုပ်နင့်ညီမအပိုင်ဖြစ်သွားတာလဲ Yan Geက နင်ကိုအရမ်းချစ်တာကို"

"Suzanကမှ ငါကိုသိသေးတယ်
Geကငါကိုနားလည်မပေးဘူး"

"Haoxiang..."

Zhang Zhenyuanက သူကိုအပြုံးတွေနဲ့ငုံကြည့်နေတဲ့ကောင်လေးကိုမော့ကြည့်လိုက်သည်။

ဒီကောင်လေးနဲ့သူနဲ့မတွေ့တာငါးနှစ်ကျော်သွားပြီ။
စီးပွားရေးအပေါ်ကိုအာရုံစိုက်ကာသင်ယူနေရတဲ့Zhang Zhenyuanက ထိုကောင်လေးရှိနေတဲ့Switzerlandကိုလည်းအလည်အပတ်မသွားနိုင်ခဲ့တာကြောင့် SanSanပြောပြတတ်တဲ့ကောင်လေးအကြောင်းကိုသာနားထောင်နိုင်ခဲ့သည်။

Ge , I will never let you go Nơi câu chuyện tồn tại. Hãy khám phá bây giờ