story or not

48 4 7
                                    

"ဂျောင်ဝူး နင်ဘာမှစိတ်ထဲထားမနေနဲ့သိလား အဲ့‌ကောင်မက အဲ့လိုပဲ ရိုင်းတာ တီချယ်ကတော့မပြောချင်လို့ လွှတ်ထားတာထင်တယ်"
မင်ဂျီက လာနှစ်သိမ့်သည်

"ဘာမှမဖြစ်ပါဘူးရပါတယ်"

"ဒီညနေ တော့ပိုကီသွားစားကြမယ်လိုက်ခဲ့ပါလား"

အသံကရင်းနှီးနေသည်ဟုထင်ကာ လှည့်ကြည့်လိုက်တော့ ဟုတ်ပါတယ် ထိုလူ ကင်ဂျီဝန်းပင်

"‌မတွေ့ရတာကြာပြီ အင့် မဟုတ်ဘူး စကားမပြောရတာကြာပြီဆိုပိုမှန်မယ်"
မထီမဲ့မြင်ပြောလာသောထိုလူကြောင့် မျက်ခုံးနှစ်ခုမှာတွန့်ချိုးလျက်

"အပြုအမူက တစ်မျိုးပဲ စရိုက်နှစ်ခုရှိတာလား"

"ကျွန်တော်တို့လည်းလိုက်မယ် ဟျောင်း"
ပြိုင်တူထွက်လာသည့် နောက်က နှစ်သံကြောင့် အတွေးတို့က ရပ်စဲလိုက်ရသည်

တော့ပိုကီဆိုင်တွင်

ရစ်ကီ မျက်လုံးလေးများက မက်ချူး မျက်နှာ သို့ ခဏခဏ ကြည့်နေမိသည်
စိတ်ထဲတွင် မက်ချူးက ချစ်ဖို့ကောင်းလိုက်တာ အသည်းယားလို့သေတော့မှာပဲ ဟုတွေးလျက်

မက်ချူးက ရစ်ကီဘက် လှည့်လာတော့ မျက်လုံးချင်းစုံမိကြသည်

ထိုတော့ပိုကီဝိုင်းတွင် ဘယ်သူမှဘာမှမပြောဖြစ်ကြချေ

ညနေစောင်းအရောက်

"အိမ်ပြန်ကြမလား "ဂျီဝန်းက မေးလိုက်ခြင်း

"အင်း ပြန်မယ်လေ "ဝမ်းသာအားရဖြင့် မက်သရူးက ထောက်ခံသည် ဒီတစ်ခါတော့ နှစ်ယောက်သား အချိတ်အဆက်မိစွာပင် ရစ်ကီရှန်က

"တူတူပြန်ရအောင် " လို့ ပြောလာလေသည်တဲ့လေ

"အိုခေ"

////////

"ဒါကိုယ့် အိမ်လေ ဝင်ခဲ့"

"ဝါး rk ပဲ ရစ်ကီက "

မျက်လုံး အဝိုင်းသားလေးနှင့်ပြောလာသော ထိုကောင်လေးကြောင့် ခပ်ဖွဖွလေးပြုံးမိသည်

"တကယ် မထိရက် မကိုင်ရက်လေး"

ရစ်ကီရှန် သတိလွတ်စွာဖြင့် မက်ချူးပါးလေးကို ကိုင်မိသည်

"တကယ် မထိရက်မကိုင်ရက်လေး မက်ချူးက"

နားရွက်လေးရဲလာသော မက်ချူးကိုမြင်သဖြင့် မက်ချူးရှက်နေမှန်း ရစ်ကီ သိလိုက်သည်

"ရှက်နေတာပဲ မက်ချူးက လာ အထဲ ဝင်ရအောင်"

"အွန်း"

ပြောပြောဆိုဆို ရစ်ကီလက်ကို ဆွဲလာသည့် မက်ချူးကြောင့် ရစ်ကီမှာ ကြောင်အအ ဒီကောင်လေး သူ့လက်ကို တကယ်ကြီး ဆုပ်ကိုင်ထားတာလား

"မက်ချူး"

"အင်း ပြောလေ"

"ကိုယ် နဲ့တူတူရှိရင် ဘယ်လိုနေလဲ"

"အင်း သဘောကျတယ် ရစ်ကီ"

"ဟမ် ဘယ်ကတည်းကလဲ"

"ငါ  မင်းနဲ့ တစ်ခြားလူတွေ စကားပြောတာ ကိုဆက်မကြည့်နိုင်တော့ဘူး"

ထိုအချိန်တွင် လျင်မြန်စွာပင် လေထဲ၌ရပ်တန့်သွားသော  မက်ချူးရဲ့စကားလုံးများ  နှုတ်ခမ်းနားကို ကပ်လာတဲ့ ရစ်ကီရဲ့ နှုတ်ခမ်းတစ်စုံကို ရှောင်ချိန်တောင် မရလိုက်ပေ တဖြည်းဖြည်း မက်ချူးရဲ့ နှုတ်ခမ်းကို နူးနူးညံ့ညံ့ နမ်းနေသည့် ရစ်ကီ ထိုအနမ်းသည် ကြာချိန်ဘယ်လောက်ရှိမည်ကိုတော့ ရစ်ကီရှန်သာသိလောက်သည်

)))))))))

အ‌မလေး ပြောတော့ မထိရက်မကိုင်ရက်တဲ့ သူကျတော့ နမ်းတယ် မီ့သားလေး 😭





I Don't Wanna Hurt You Where stories live. Discover now