Extra

1.7K 109 7
                                    

The Artist (Extra)

"ရှောင်းကျန့်ကို ရှာတွေ့လား"

        ဟောက်ရွှမ်းရဲ့ခေါင်းခါမှုကြောင့် လျိုရှန်းဟွာ  သက်ပြင်းချလျက် အိပ်ပျော်နေသည့် ရိပေါ်လေးကို လှမ်းကြည့်မိသည်။
နိုးလာတာနဲ့ ငိုယိုကာရှောင်းကျန့်ကို ရှာနေကျဖြစ်လို့ သူ့တို့အားလုံး ဒီကလေးငယ်ကို ကြည့်ရင်း ရင်ကွဲရမြဲ... ။

"ကျိုးချန်ရော ... ကျိုးချန်ရဲ့ သတင်းတောင်မရဘူးလား"

"ကျွန်တော်ကြိုးစားရှာပါသေးတယ် ... အခုထိလည်းရှာနေတုန်းပါပဲ ဦးငယ်ရယ်"

      လေးလကြာတဲ့အထိ ရှောင်းကျန့်က သူတို့ရှေ့ အစအနတောင် ပြန်ပေါ်မလာခဲ့ ။
ရှောင်းကျန့်တင်မဟုတ် ကျိုးချန်ပါ ရှောင်းကျန့်နဲ့အတူတူ ပျောက်ကွယ်သွားခဲ့တာ လေးလရှိခဲ့လေပြီ။

"ရှောင်းကျန့်ကို အသက်ရှင်လျက် ပြန်တွေ့နိုင်ပါ့မလား ကိုယ်စိုးရိမ်တယ် ဟောက်ရွှမ်း ... "

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

       ရှောင်းကျန့်ပြန်လာမှ စိတ်ပုံမှန်အတိုင်း ပြန်ဖြစ်လာမည့် ရိပေါ်အတွက်တော့ သူတို့အတွေးတွေဟာ ရင်လေးစရာ ။
အိပ်ချိန်ကလွဲရင် ရှောင်းကျန့်ကိုမျှော်နေတတ်သည့် ကလေးကို သူတို့ ဘယ်လိုဖေးမရပါ့မလဲ ။

"ရိပေါ်လေးအတွက် ကိုယ်တို့အားလျှော့လို့မဖြစ်ဘူး ဟောက်ရွှမ်း ... ရှောင်းကျန့်ရှိသေးတယ် ... ကိုယ်တို့သက်သေတစ်ခုခုပြန်မရသရွေ့ ... ရှောင်းကျန့်က ရှိသေးတယ်"

"ကျွန်တော်လည်းရအောင်ရှာပါ့မယ် ... "

     ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကကနေ ရိပေါ်ဟာ ခဏတာ အနားယူထားကြောင်း သူသတင်းစာရှင်းလင်းပွဲ လုပ်သည့်နေ့တုန်းက ရှောင်းကျန့်ကိုပြန်လာဖို့ ပြောခဲ့သေးသည်။
သို့သော် ရှောင်းကျန့်က အခုထိ မဆက်သွယ် ။

"ကိုကို ... ကိုကို "

"ရိပေါ် ... နိုးပြီလား ... တစ်ခုခုစားပါလား"

"ကိုကို့ကို ခေါ်ပေးပါ ... အင့် ... ကိုကို့ကိုခေါ်ပေးကြပါ"

"ဦးငယ်တို့ရှိတယ်လေ ရိပေါ်လေး ... ကိုကိုက လာလိမ့်မယ်နော်"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now