Chapter 44

5.8K 325 9
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter ~ 44

မနက်ဖြန်မြန်မာပြည်သွားရမှာမို့ သူ့အဝတ်အစားတွေထည့်နေတာကို သူမကိုပါမခေါ်သွားတာထက် ထားခဲ့တာကို မကျေပ်နပ်ဖြစ်ကာ သူကိုဗီရိုရှေ့ကအနောက်မှီမပါတဲ့ဆ်ုဖာပေါ်ထိုင်ကာ သူကို ဘုဂလန့်စကားတွေပြောနေတာကြောင့် သူမှာရီလဲရီချင် ဒါပင်မဲ့လည်း မရီရဲ။

"သူ့စေရာ ! သွားတာကသွားနော် ကျွန်မဘာအသံမှမကြားရှင်ဘူး"

"မပူနဲ့ မင်းကလွဲဘယ်မိန်းမကိုမှ လူမထင်ဘူး"

"ရှင်ကကျွန်မတောင်ဘာမှမပြောရသေးဘူး ဆိုလိုခြင်းကိုသိတယ်ဆိုတော့ ရှင်ကဘယ်မိန်းမနဲ့ ချိန်းထားတာလည်း ပြောစမ်း!"

Mine လိုအပ်မဲ့အဝတ်အစား 5စုံလောက်သာထည့်ပြီး သူကိုရစ်နေတဲ့မိန်းကလေးရဲ့ဘေးကိုဝင်ထိုင်ကာ....

"ကိုယ်မှာဒီလောက်ချစ်ဖို့ကောင်းတဲ့ အိမ်သူတစ်ယောက်လုံးရှိနေတာကွာ တစ်ခြားမိန်းကလေးတွေစဥ်းစားစရာလား....ကိုယ်မြန်မာပြည်ရောက်တာနဲ့ မင်းဆီကို တစ်ရက်မကျန် ကိုယ်ရဲ့တစ်နေ့တာကို တင်ပြမယ်လေ"

"တကယ်လား အစားစာတာကအစတင်ပြရမယ်နော် ပြီးတော့ ရှင်စားတာတွေကို ဒီကိုပြန်လာရင် ဓာတ်ပုံရိုက်ခဲ့"

သူမရဲ့ကလေးဆန်ဆန်စကားကြောင့်သူမှာ ပြုံးနေမိသည်။သူမြန်မာပြည်သွားရင် ဒီက H  ကိစ္စ နဲ့ သူမကိုတော့ အန်ကယ်ကျော်စွာက တာဝန်ယူထားတာမို့ သူစိတ်ချလက်သွားနိုင်ခြင်း။

"ဟုတ်ကဲ့ပါဗျ ခင်များလေးကကျွန်တော်မျိူးရဲ့ မူပိုင်တရားသူကြီးမို့ အမိန့်ချပြီဖြစ်တဲ့အတွက် ကျွန်တော်ကနာခံရန်အသင့်ပါ"

သူမကပြောတော့ သူကပြောင်သလိုထပြောလာတဲ့စကားဆိုပင်မဲ့ သူမဘက်ကကျေနပ်သွားရသည်မှာအမှန်ပင်။သူမဘက်ကနေ သူကို ရစ်တာကကိုယ့်အပေါ်ချစ်မှန်းသိလို့ဆိုပင်မဲ့ သူစိတ်ပင်ပန်းနေတာ သိတော့လည်း သိပ်ပြီးမရစ်ချင်။

"ဒါနဲ့ ရှင့်လက်ထောက်ရော အဆင်ပြေရဲ့လား"

"အင်း သူ့အခြေအနေကတော့အခုထက်ထိမထူးသေးပါဘူး  ကိုမာအခြေအနေကနေပိုလည်းမကောင်းလာသေးသလို ပိုလည်းဆိုးမလာဘူး"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now