No.1

1.7K 70 1
                                    


Tae's mom - "ကင်ထယ်ယောင်းးးးး ... ထစမ်း..."

ဟင်...သွားပြီ မာမီ သိပြီထင်တယ် ပေါက်ပေါက်တော့ဖောက်တော့မှာပဲ .. ဟူးး..

Tae's mom - "ဒီနှစ်လည်း ကျပြန်ပြီ သားရဲ့သူငယ်ချင်းတွေက Uni တွေ တောင်တက်ကုန်ပြီ သားဘယ်လိုလုပ်ဖို့စဥ်းစားထားလည်း .."

Tae - " မာမီ မပြောခင်ထဲက သား သိတယ် ညထဲက Result တွေက ထွက်နေတာ .."

Tae's mom - " မာမီသားကို ပြောနေတာ ၂နှစ်ရှိပီ ကျတာ ဘယ်လိုဆက်လုပ်မှာလည်း ဒီနှစ် ဆက်ဖြေမှာလား .."

Tae - "မာမီကလည်း အခုမှ result ထွက်ပြီးရုံရှိသေးတယ် ချက်ချင်းတွေ ဗျာ ဘာမှ မလုပ်ချင်သေးဘူး "

Tae's mom - " သားမင်းအချိန်ဆွဲ နေတာများပြီ မင်းဒယ်ဒီရှိတဲ့ ဆိုးလ်ကို ပဲ သွားတော့ မာမီမင်းကိုမနိုင်တော့ဘူး "

Tae - " မာမီ .. သား မသွားချင်ဘူးနော် "
ဟုတ်တယ်တကယ်လည်း မသွားချင်ဘူး အစ်ကို ယွန်းဂီရှိတာလည်း သိပေမယ့် ဒယ်ဒီက မာမီ ထက်ပိုပြီး စည်းကမ်းတင်းကြပ်တယ်

Tae's mom - "သားဒီမှာ နေတော့ရော သားအပေါင်းအသင်းတွေနဲ့ ညဆို ကလပ်သွား Bar သွားနဲ့ အချိန်ဖြုန်းနေတာ .. မာမီကျန်းမာရေးမကောင်းတာ သိတယ်မလား မာမီကို သားက စိတ်ဆင်းရဲအောင်လုပ်တာလား "

ပြောရင်းနဲ့ မာမီ မျက်ရည်တွေ ကျလာတယ်မာမီအပေါ်ကိုဆိုးတယ်ဆိုပေမယ့် မာမီကို အဲ့လို စိတ်ညစ်တာမျိုး မဖြစ်စေချင်တာတော့အမှန်ပါ

Tae - "မာမီ..မာမီ မငိုပါနဲ့ သား အထက်တန်းမအောင်ပဲ ဒယ်ဒီဆီကို မသွားချင်ဘူး သားဒီနှစ် အောင်အောင်လုပ်မယ်ကတိပေးတယ် ..
သားအခု Ken ဆီသွားလိုက်အူးမယ် သူ မနှစ်က ယူတဲ့ Guide ရှိတယ် သားသွားပီး စုံစမ်းလိုက်ဦးမယ်နော် "

သူမာမီကို စကားလမ်းကြောင်းဖြတ်ပြီး မြန်မြန်ခပ်သုတ်သုတ် လစ်ထွက်လာခဲ့တယ်
Ken ဆီသွားပြီး ညကျ Bar သွားဖို့ ပြောရမယ်

Tae - " Ken ရေ Ken ..."

Ken's mom - " သား ထယ်ယောင်းပါလား မင်းသူငယ်ချင်း သူ့ဆရာအိမ် ခဏသွားတယ် မုန့်သွားပို့တာ ထိုင်ဦးလေ ခဏနေပြန်လာမှာပေါ့ "

အချစ်ဆိုတာက .....Where stories live. Discover now