👨💼 ချစ်ရပါသော ရှေ့နေလေး👨💼
Chapter ~ 45
"ပူတူး"
ရေချိူးခန်းထဲကနေ Sexy ဖြစ်တဲ့ညဝတ်ဂါဝန်ဝတ်ကာထွက်လာတဲ့ သူမကို သူ့ဘေးနားဝင်ထိုင်တဲ့အထိ သူမှာငေးနေရင်းက သူမကသူ့ကို မျက်ခုံးပင့်ပြမှ ပူတူး ဆိုတဲ့စကားသံထွက်လာသည်။
"ဘာလဲ"
"ကိုယ့်ကိုမြူစွယ်နေတာလား မင်းအဲ့လိုမလုပ်ရင်တောင်ကိုက"
"ဘာလို့ ကျွန်မကရှင့်ကိုမြူဆွယ်ရမှာလည်း စဥ်းစားပေါ့"
"ကိုယ်ကတော့မြူဆွယ်တယ်လို့ပဲမြင်တယ် အချစ်လုပ်ငန်းစကြတာပေါ့"
သူမကိုယ်တိုင်ခရီးသွားတော့မဲ့သူကို မြူဆွယ်ဖို့တွေးထားပင်မဲ့ အခုသူကခြေမြန်လက်မြန်နဲ့သူမကို မွေ့ယာပေါ်ဆွဲလှည့်ချလိုက်ပြီး သူကပါတစ်ခါထဲ အုပ်မိုးလိုက်တာမို့....
"သူ့စေရာ!"
"ဟွန်း ကိုယ့်ကိုခရီးသွားတော့မှာမို့ အားဆေးကျွေးချင်တာကို ကိုယ်ကငြင်းစရာလား"
ဆိုကာ သူနှုတ်ခမ်းတွေကသူမနထင်စလေးတွေကအစနမ်းလာတာကြောင့် သူမမနေတက်တာမို့ ရုန်းတော့ သူကလက်တစ်ဖက်ထဲနဲ့ သူမခန္တာကိုယ်လေးကို ထိန်းလိုက်တာကြောင့် ရုန်းလို့မရ။
သူနှုတ်ခမ်းတွေက သူမနထင်စပ်လေးကနေတစ်ဆင့်ဆင်းလာတာ သူမလည်တိုင်လေးဆီသို့။သူမလည်တိုင်လေးနား သူမျက်နာကပ်လိုက်တယ်ဆို သူမကိုယ်သင်းရနံ့လေးရယ် ရေချိူးပြီးစမို့ ဆပ်ပြာရနံသင်းသင်းလေးပါရောနေသည်။
"ဟွန်း မင်းကိုယ်သင်းနံ့လေးကို အကြာကြီးခွဲရမှာတွေးမိရင်း အခုကတည်းကလွမ်းနေပြီ"
သူဘာသာပြောရင်း သူမကိုလည်းပြောခွင့်မပေးပါပဲ သူမလည်တိုင်လေးကို ဖိစုပ်လိုက်တဲ့သူကြောင့် သူမလည်တိုင်လေးမှာစူးကနဲ့ ဖြစ်သွားရသည်။သူမကိုယ်တိုင်က လိုက်လျောချင်လို့ ဒီလိုဝတ်စားပြီးမှ ရုန်းတော့ရောမထူးတာကြောင့် သူမငြိမ်နေလိုက်တော့ သူမမေးဖျားလေးကို မော့နမ်းလာသည်။
"အွန့်"
မေဖျားလေးကနေတစ်ဆင့် သူမရဲ့နှုတ်ခမ်းလေးကို သိမ်းပိုက်သွားတဲ့သူ့ကြောင့် သူမနှုတ်ခမ်းလေးတစ်ခုလုံး သူနှုတ်ခမ်းနှစ်လွှာကြားရောက်သွားရသလို သူအနမ်းတွေကငြင်သာမူမရှိတာကြောင့် သူမမှာခဏလေးနဲ့အသက်ရူရပ်မတက်ပင်။

YOU ARE READING
🖤DEAR LAWYER_[ချစ်ရပါသော ရှေ့နေလေး]🖤
Romance"ကိုယ့်အတွက်အချစ်ဆိုတာ စာဖွဲ့စရာမလိုတဲ့ရိုးရိုလေးပါပဲ ဆောင်းဦးလွင်တဲ့" Start Date.... 9.5.2023 End Date....24.10.2023 🚫Mine တို့ကို တစ်ခြား acc နဲ့ page တွေမှာကူးယူပြီး တင်ခွင့်မပြုပါ🚫