Like a Chocolate but more value

35.5K 111 3
                                    

Unicode

နယ် ဘက် လက်တွေ့ဆင်းရန် ကျောပိုးအိတ် တလုံးလွယ်ကာ ထွက်လာခဲ့သည်။

ကဲ အညာမြေ သာဒီမ‌ေ၀း မီးစင်ကြည့်ကရတော့မယ် ။

**ဟူးး ပူလိုက်တာကွာ
‌ေတာက်စ် ဒီရာသီဥတုနဲ့ဝောာ့**

Community Operation Company တွင် အလုပ်သင် ငါးလအပြီး ကုမ္မဏီ၏ စေခိုင်း
မူ‌‌ေကြာင့်ကွင်းဆင်းရန် အညာဒေသသို့ ထွက်လာခဲ့ရသည်။

**တောက်စ် ပူကပူ ကားက အဲကွန်းမပါ Good **

ကားပေါ်တွင်လည်း လယ်သမား အဖိုးကြီးအဖွားကြီး လင်မယား
နှင့် ကားမောင်းသမားပင်ပါပေသည်။

ကား ပြတင်းပေါက်သို့ တချက်ကြည့်ကာ စိမ်းစိုနေသော တောအုပ်များနှင့် ကွင်းပြင်များမှ အပ တခြားဘာမှမရှိချေ။

(ငါတော့ တောသား ဖြစ်တော့မယ် ထင်ပါတယ်ကွာ ရွာရောက်ရင် ရွာသူချောလေးတွေရှိရင်တော့ အမောပြေရတာပေါ့ ဟာ ဒါမဲ့ အညာသူတွေဆိုတော့ ချောမယ် မထင်ပါဘူးကွာ)

အတွေးပေါင်းစုံဖြင့် တွေးမောရင်း

(ကျီွ)

**ဟမ် ဘာဖြစ်တာလဲဗျ**

ကားပေါ်တွင် ကျွန်တော်
တယောက်ထဲသာ ကျန်ရှိနေသည်။

**ညီလေးရေ ဆောတီးကွာ အကို့ကားက ဒီလောက်ပဲသွားရမယ် ညီလေးရှေ့ကို ဆက်လျောက်လိုက်ရင် မနီးမ‌ေ၀းမှာ ညီလေးပြောတဲ့ရွာရှိတယ်**

**လမ်းလျောက်သွားလိုက်နော်**

**ဗျာ ဟုတ်ဟုတ်**

ကပျာကရာ ခရီးဆောင်အိတ်ကို ဆွဲကာ ကားပေါ်ကဆင်းလာခဲ့သည်။

ပူ‌ေလာင် လောင် ကွင်းပြင် နှစ်ခုကြားတွင်လူလုပ် လမ်းလေးအား တွေ့နေရသည်။

**ဟာ f**kပဲ l33 company**

ဟု ဆဲဆိုကြိမ်းမောင်းရင်း ထွက်လာခဲ့လေသည်။

မိနစ် 20လောက် လျောက်အပြီးတွင် ထူပိန်းကာ အုံ့စိုင်းနေသော ညောင်ပင်ကြီး တပင်ကိုတွေ့နေရပြီ။

**ဟူးး ပင်ပန်း လိုက်တာ ခနနားအုန်းမှ**

ချွေးများ တစက်စက်ကျနေသော နဖူးအား လက်ဖြင့် သုတ်ကာ ညောင်ပင် အမြစ် ပေါ်တွင် ထိုင်ချလိုက်သည်။

ညိုချောလေးတွေလဲ လျော့မတွက်စေချင်Where stories live. Discover now