Unicode

169 8 2
                                    

လွန်ခဲ့တဲ့ ၅ပတ်လောက်က တလရအတွက် သယ်ယူပို့ဆောင်တာလေးတွေလုပ်တော့ လခရအဆင်မပြေလို့ ကောင်မလေးတစ်ယောက် အကူအညီကို ယူခဲ့ရပါတယ်။ လမ်းစရိတ်ပြန်ပေးဖို့ မေးတော့ သူက စာရေးပြီးရှင်းပေးပါတဲ့ဆိုပြီး NetJamesအတွက် oneshotလေးဖြစ်ဖြစ်ရေးပေးဖို့ ပြောလာပါတယ်။ သူလိုချင်တဲ့ story lineတော့မရှိဘူး အဆင်ပြေသလိုရေးပါဆိုပြီး အတင်းဂျစ်နေတော့ သူပြောပြတဲ့ NJရဲ့ infoတစ်ချို့နဲ့ ကိုယ်ကြိုက်သလိုရေးလိုက်ပါတယ်။ လက်လှမ်းမှီသလောက်လေး ကြိုးစားရေးထားပေမယ့် အမှားပါခဲ့ရင် စိတ်မရှိကြပါနဲ့။

စိတ်ကူးယဥ်သက်သက် အကြောင်းအရာတွေပဲမို့လို့ အပြင်လောကနဲ့ မတိုက်ဆိုင်တာ၊ သဘာဝမကျတာ၊ ယုတ္တိမရှိတာတွေ ပါဝင်ပါမယ်။ Oneshortဖြစ်တာမို့ timelineအရ မြန်နေပါလိမ့်မယ် ဒါကို နားလည်ပေးဖို့မျှော်လင့်ပါတယ်။ လမ်းစရိတ်ပေးချေရမယ့် ကောင်မလေးက တစ်ခြားသူတွေကိုပါ ဖတ်စေချင်တယ်ဆိုလို့ publishလိုက်ပါတယ်။ ရေးသမျှတိုင်းကို ကိုယ့်ဇာတ်ကောင်ဆိုပြီး စိတ်နှစ်ရေးခဲ့တာ ဖြစ်တဲ့အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုစိတ် မရှိပါ။
......................................................

ပန်းလုလင်ပျို၊ ပန်းမိန်းမပျိုလေးတွေဟာ ရှားပါးသော အဖိုးတန်လေးတွေဖြစ်သည်။ ပန်းရနံ့ပါသော လူသားလေးတွေဟာ အယောက်၁ထောင်မှာ ၁ယောက်သာရှိကြသဖြင့် သူတို့ကို နိုင်ငံ့ရတနာတွေလို ထိန်းသိမ်းစောင့်ရှောက်ရ၏။

သူတို့က ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လို့မရပဲ ပန်းပွင့်လေးတွေလို အနုအရွလေးတွေဖြစ်သည်။ မွေးဖွားစဥ်အခါမှာ ရင်ဘက်အလယ်တည့်တည့်၌ ပန်းပွင့်ပုံ အမှတ်အသားလေးတွေပါတတ်ကြ၏။ ထိုသူများကို ပန်းလူသားလေးများဟုခေါ်သည်။ ယောက်ျားမိန်းမခွဲ၍ ပန်းမိန်းမပျို၊ ပန်းလုလင်ပျိုဟုခေါ်၏။

သူတို့ရနံ့မှာတော့ မွေးဖွားပြီး ငယ်ရွယ်စဥ်အချိန်မှာ မမွှေးကြသေးပေ။ သူတို့အရွယ်ရောက်ချိန် တစ်နည်းအားဖြင့် သူတို့ဖူးပွင့်ချိန်ရောက်မှသာ ပန်းရနံ့များ မွှေးမွှေးကြိုင်ကြိုင်ထွက်ပေါ်လာသည်။ ထိုပန်းလူသားလေးတွေမှာ ပန်းမျိုးစိတ်အမျိုးမျိုးရှိပြီး ရနံ့လည်းကွဲပြားကြ၏။ မွေးဖွားစဥ်က နှင်းဆီပန်းပုံ အမှတ်အသားပါသူမှာ ဖူးပွင့်ချိန်ရောက်သည့်အခါ နှင်းဆီပန်းရနံ့၊ သစ်ခွပန်းပုံ အမှတ်အသားပါသူမှာ သစ်ခွပန်းရနံ့၊ ချယ်ရီပန်းပုံ အမှတ်အသားပါသူမှာ ချယ်ရီပန်းရနံ့ ထိုကဲ့သို့ အမျိုးမျိုးကွဲပြားကြသည်။ ပန်းအရောင်များမှာလည်း တစ်ယောက်နှင့်တစ်ယောက်မတူ။

Daisy Of LordWhere stories live. Discover now